Ubisoft ၏ Horror ဂိမ်းသစ် Zombi

Ubisoft--Horror-Zombi---AT-Online_gamenews-2015Aug20.jpg

မူလက Nintendo Wii U အတွက် exclusive ဂိမ်းအဖြစ် Ubisoft မှဖြန့်ချိခဲ့သော ZombiU ဂိမ်းအား Zombi အမည်ဖြင့် PC, PS4 နှင့် Xbox One ဂိမ်းစက်များတွင် ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Zombi ဂိမ်းတွင်ကစားသူ အနေဖြင့် London မြို့အတွင်း ပေါ်ပေါက်နေသော Zombie Outbreak ကာလတွင် ပိတ်မိနေသည့် survivor တစ်ယောက်နေရာမှ ကစားရမည်ဖြစ်ပြီး အနီးကပ် melee လက်နက်များ အသားပေးအသုံးပြုကာ ဖုတ်ကောင်များဖြင့် ရင်ဆိုင်တိုက်ခိုက်ရမည့် Survival Horror အသားပေး First Person Action ဂိမ်းဖြစ်ကြောင်း သိရသည်။  Wii U တွင် ပါဝင်သော tablet အစား controller (သို့) mouse/keyboard ကို အသုံးပြုကစားရမည် ဖြစ်သည်။ graphics ပိုင်းနှင့် FPS (frame rate per second) ပိုင်းတို့ကိုလည်း ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားသည်ဟု သိရသည်။ GAME HIVE ဖုန်း- ၀၉-၇၃၁၁၈၅၅၀ နှင့် ၀၉-၄၅ဝဝ၄၁၅ဝဝ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။