LG Portable Bluetooth Speaker

LG-Portable-bluetooth-speaker--AT-Online-Product-2015Aug18.jpg

မည်သည့် Bluetooth Smart Device များဖြင့်မဆို ချိတ်ဆက်အသုံးပြုနိုင်သော LG အမှတ်တံဆိပ် NP7550 မော်ဒယ် Portable Bluetooth Speaker ဖြစ်သည်။ အသံထွက်အား 20 Watt ရှိပြီး ထုတ်ကုန် သုံးခုနှင့် တစ်ပြိုင်နက် ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်သည်။ Built-in 2600mAh Lithiumအမျိုးအစား Battery ကို အသုံးပြုထားပြီး သုံးနာရီကြာ အားသွင်းထားပါက ၉ နာရီဆက်တိုက် အသုံးပြုနိုင်မည် ဖြစ်သည်။ Built-in  Battery ၏ အချိန် ကြာမြင့်စွာ အသုံးပြုနိုင်မှုကြောင့် အဆင်ပြေစွာဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။  LG Smart TV ဖြင့်လည်း တွဲဖက်အသုံးပြုနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ကျပ်၁ဝဝ,ဝဝဝ ကျော်ဝန်းကျင် ဖြစ်သည်။  အရောင်အနေဖြင့် ငွေရောင်တစ်မျိုးတည်းကိုသာ ရရှိနိုင်ပြီး ရောင်စုံ Case  (Bumper) များနှင့်လည်း အလှဆင်၍ တပ်ဆင်နိုင်မည်ဖြစ်သည်။ LG Brandshop များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး ဖုန်း ၀၁-၅၄၄၆၆၄၊ ၂၅၄၅၅၉  နှင့် ၃၇၉၉၅၄ သို့ ဆက်သွယ် စုံစမ်းနိုင်မည်ဖြစ်သည်။