Cupertino effect

Cupertino effect ဆိုသည်မှာ စာလုံးပေါင်းစစ်ဆေခြင်းနှင့် အလိုအလျောက် စာလုံးပေါင်းပြင်ဆင်သည့် ပရိုဂရမ် သို့မဟုတ် စမတ်ဖုန်း predictive text feature ၏ မမှန်ကန်သော ခန့်မှန်းမှုနှင့် အစားထိုးခြင်းကို ခေါ်ဆိုသည်။ Cupertino effect ဟူသော အမည်သည် Word ‘97 တွင် တုံးတိုသင်္ကေတ မပါဝင်ဘဲ co-operation ကို စာလုံးပေါင်းသည့်အခါ Cupertino ဟု ခန့်မှန်းဖော်ပြရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ Cupertino သည် Apple အခြေစိုက်ရာမြို့အဖြစ် လူသိများသော ကယ်လီဖိုးနီးယားရှိ မြို့ငယ်တစ်ခု ဖြစ်သည်။

Cupertino effect သည် စာရေးသူ၏ ဉာဏ်ရည်ဉာဏ်သွေးကို လျော့နည်းစေသည်။ ဥပမာအနေဖြင့် Microsoft Word တွင် definitely ကို definatly ဟု မှားယွင်း ရေးသားသည့်အခါ အလိုအလျောက် စာလုံးပေါင်းပြင်သည့် ပရိုဂရမ်က defiantly ဟူ၍ ပြောင်းလဲသည်။ ထိုအခါတွင် အချို့သော သုံးစွဲသူများက စာလုံးအမှန်ဟု ယူဆပြီး စာလုံးပေါင်းများ ဆက်လက်မှားယွင်းစေနိုင်သည်။

ပုံနှိပ်မီဒီယာများတွင် ပါဝင်သည့် Cupertino effect အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

– ဘောလုံးကစားသမား DeMeco Ryans ၏ အမည်က Demerol ဟု ပြောင်းလဲခဲ့သည် (နယူးယောက်ခ်တိုင်းမ်)

– Lord Voldemort က Lord Voltmeter ဟုပြောင်းလဲခဲ့သည် (ဒန်ဗာပို့စ်)

Cupertino effect ကို ဆဲလ်ဖုန်းများနှင့် စမတ်ဖုန်းများမှ ပေးပို့သော text message များတွင်လည်း မကြာခဏ တွေ့မြင်ရနိုင်သည်။ နယူးယောက်ခ်တိုင်းမ်မှ နည်းပညာသတင်းများ ပင်တိုင်ရေးသားသူ ဒေးဗစ်ပေါ့ဂူးက ၎င်း၏ Twitter follower များထံမှ အလိုအလျောက် ပြင်ဆင်သည့် အမှားများကို တောင်းဆိုခဲ့သည်။ ၎င်းတို့၏ ပြန်ကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

– iPod Touch တွင် dinner party ကို Donner party ဟုပြောင်းလဲဖော်ပြခြင်း

– What was I thinking? ကို What was I honking? ဟု ပြောင်းလဲဖော်ပြခြင်း

– Richard Moxon ၏ အမည်ကို Moron ဟု အလိုအလျောက် ပြင်ဆင်ဖော်ပြခြင်း