Apple Device များဖြင့် ဓာတ်ပုံ၊ ဗီဒီယိုဖိုင်များကို Slide Show ပြုလုပ်ခြင်း

15_TKK_Screenshot_User-Guide_21Aug2015.jpg

Apple Device ထဲမှာရှိနေတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကိုစုစည်းပြီး Slide Show ပြုလုပ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ဒီလိုပြုလုပ်ဖို့အတွက် ဆော့ဖ်ဝဲကို အသုံးပြုရမှာဖြစ်ပြီး အသုံးပြုမယ့် ဆော့ဖ်ဝဲကတော့ mySlideShow ဆိုတဲ့ ဆော့ဖ်ဝဲပဲ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲကိုတော့ iTune Store ပေါ်မှာ အခမဲ့ရယူ အသုံးပြုနိုင်မှာဖြစ်ပြီး ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုးရှိပါတယ်။

ဆော့ဖ်ဝဲကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုးထပ်မံ မြင်တွေ့ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာတော့ အသုံးပြုနိုင်မယ့် စနစ် ၄ မျိုးရှိနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အပေါ်ညာဘက် ထောင့်နားမှာ အပေါင်းသင်္ကေတတစ်ခု၊ ဘယ်ဘက်အပေါ်ထောင့်နားမှာ ခဲတံပုံသင်္ကေတတစ်ခုနဲ့ အောက်ဘက် ဘားတန်းထဲမှာတော့ Home နဲ့ Info ဆိုတဲ့ စနစ် ၄ ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Info ကိုနှိပ်လိုက်ရင် ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။

ဒါကတော့ ဆော့ဖ်ဝဲရဲ့အသုံးပြုပုံစံ၊ ဗားရှင်းအစရှိတာတွေကို စုစည်းဖော်ပြထားတဲ့ နေရာဖြစ်ပါတယ်။ တစ်ခုချင်းစီကိုနှိပ်ပြီး ဝင်ရောက်လေ့လာ နိုင်ပါတယ်။

Info ရဲ့ဘေးနားမှာရှိနေတဲ့ Home ဆိုတဲ့ စနစ်ကတော့ ကိုယ်ကဘယ်စနစ် ဘယ်နေရာထဲကိုပဲ ဝင်ရောက်အသုံးပြု နေသည်ဖြစ်စေ ပထမဆုံး စတင်ဝင်ရောက်ခဲ့တဲ့ နေရာကို ပြန်လည်ရောက်ရှိစေနိုင်တဲ့ စနစ်ဖြစ်ပါတယ်။

အပေါ်က စနစ်နှစ်ခုကို ဆက်လက်လေ့လာ ကြပါတယ်။ ညာဘက်အပေါ် ထောင့်နားမှာရှိနေတဲ့ အပေါင်းလက္ခဏာ သင်္ကေတကို နှိပ်လိုက်ပါ။

ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

မြင်တွေ့နေရတာကတော့ ကိုယ်စတင် အသုံးပြုရတော့မယ့် စနစ်တွေပဲ ဖြစ်ပါတယ်။

ဓာတ်ပုံဖိုင်ပုံစံ သင်္ကေတကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ Slide Show ပြုလုပ်မယ့်ဓာတ်ပုံတွေကို ဘယ်နေရာကနေ ရယူအသုံးပြုမယ်ဆိုတာ ကိုရွေးချယ်နိုင်တဲ့ နေရာပဲဖြစ်ပါတယ်။ Album ကိုရွေးချယ်လိုက် မယ်ဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ Device  ထဲမှာရှိနေတဲ့ ကိုယ့်ရဲ့ဓာတ်ပုံတွေကို ရွေးချယ်နိုင်တဲ့ နေရာဖြစ်ပါတယ်။

ကိုယ့်စိတ်ကြိုက် ပုံတွေကို တစ်ပုံချင်းစီ ရွေးချယ်နိုင်ပါတယ်။ စိတ်ကြိုက်ရွေးချယ်လိုက်ရင် ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ Album ကိုရွေးချယ်ပြီး ကိုယ့်ရဲ့ Device ထဲမှာရှိနေတဲ့ ဓာတ်ပုံတွေကို အဆင်သင့်ရွေးချယ် ထည့်သွင်းအသုံးပြုတဲ့ နည်းလမ်းဖြစ်ပါတယ်။

Album ကိုမရွေးချယ်ပဲ ကင်မရာကို ရွေးချယ်လိုက်မယ်ဆိုရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ကင်မရာကနေ  ကိုယ့်စိတ်ကြိုက် ဓာတ်ပုံကို ရိုက်မယ်ဆိုရင်တော့ ခုလိုမြင်ရပါလိမ့်မယ်။

ကိုယ်ရိုက်လိုက်တဲ့ပုံကို အသုံးပြုမယ်ဆိုရင်တော့ Use Photo ကိုနှိပ်ရမှာဖြစ်ပြီး ပြန်ရိုက်ချင်တယ် ဆိုရင်တော့ Retake ကိုနှိပ်ပြီး ပြန်ရိုက်နိုင်ပါတယ်။

ပြီးသွားရင်တော့ ဓာတ်ပုံဖိုင်ရဲ့ အပေါ်ဘက်မှာ ရှိနေတဲ့ Slide Show Name ဆိုတဲ့နေရာကို နှိပ် လိုက်ပါ။ ဒါဆိုရင်တော့ စာရိုက်နိုင်ဖို့အတွက် ကီးဘုတ်စနစ် ပေါ်လာပါလိမ့်မယ်။

Slide Show အတွက်ဖိုင်နာမည် ပေးရမှာဖြစ်ပါတယ်။ File Name မပေးထားရင် Save လုပ်လို့ ရနိုင်မှာမဟုတ်ပါဘူး။ ဖိုင်နာမည် ပေးပြီးပြီဆိုရင်တော့ အပေါ်ညာဘက် ထောင့်နားမှာရှိနေတဲ့ Save သင်္ကေတကို နှိပ်လိုက်ပါ။

ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

Save လုပ်ထားတဲ့ဖိုင်ကို ဖိုင်နာမည်နဲ့တကွ မြင်တွေ့ရမှာဖြစ်ပါတယ်။

Save လုပ်ထားတဲ့ ဖိုင်ကိုနှိပ်လိုက်ရင် ခုလိုမျိုးထပ်မံ မြင်တွေ့ရပါ လိမ့်မယ်။

Add More Slides ဆိုတဲ့စနစ်နဲ့ Add Background Music ဆိုတဲ့စနစ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ထပ်ဖြည့်ချင်တဲ့ ဓာတ်ပုံဖိုင်တွေ ရှိတယ်ဆိုရင်တော့ Add More Slides ဆိုတာကို နှိပ်နိုင်ပြီး ကိုယ်ပြုလုပ်ထားတဲ့ Slide Show မှာ နောက်ခံအသံတွေ သီချင်းတွေ ထည့်သွင်းချင်ရင်တော့ Add Background Music ကိုနှိပ်ပါ။