အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် ဘဏ္ဍာရေးနှင့်စီးပွားရေးဆိုင်ရာ ပညာရေးအစီအစဉ်တိုးချဲ့မည့် လုပ်ငန်းစဉ်ရှင်းလင်းပွဲ အခမ်းအနားကိုတော့ သြဂုတ်လ ၁၄ ရက်က ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ ဗြိတိသျှသံအမတ်ကြီးနေအိမ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။