Ubuntu OS ပေါ်တွင် Libre Office 5.0 အား ထည့်သွင်းခြင်း

libreoffice-5.0-0.5.jpg

ပြီးခဲ့တဲ့အပတ်က Final version ထုတ်လုပ်ဖြန့်ချိပေးထားတဲ့ Libre Office 5.0 ကို Ubuntu OS 15.04, 14.04, 12.04 အစရှိတာတွေနဲ့ Linux Mint, Luna, Freya အစရှိတဲ့ OS တွေပေါ်မှာ ထည့်သွင်းအသုံးပြု လိုသူများအနေဖြင့် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

Libre Office 5.0 ကိုထည့်သွင်းရန်အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Pa-ckage တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

ဒီအဆင့်တွေ ပြီးသွားရင် ပထမဆုံး တင်ထားတဲ့ Libre Office ကို Remove ပြုလုပ်ရပါမယ်။ remove ပြုလုပ်ဖို့အတွက် Terminal မှာ sudo apt-get remove libreoffice ဆိုတဲ့ command ကို အသုံးပြုရပါမယ်။ အဆိုပါ LibreOffice 5.0 ဟာ Ubuntu 32 bit နဲ့ 64 bit နှစ်ခုမှာ ဖိုင်တွေ download ပြုလုပ်ရတာခြင်း မတူညီပါဘူး။ ယခုဖော်ပြမှာကတော့ 32 bit အသုံးပြုသူများအတွက် ဖြစ်ပါတယ်။

Libre Office 5.0 ကိုဖိုင်တွေကို ရယူဖို့အတွက် Terminal မှာ wge thttp://download.docum entf oundation.org/libreoffice/stable/5.0.0/deb/x86/LibreOffice_5.0.0_Linux_x86_deb.tar.gz ဆိုတဲ့ command ကို ထည့်သွင်းပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ download ပြုလုပ်ပြီးတဲ့ဖိုင်ကို Extract ပြုလုပ်ဖို့အတွက် tar-xvf LibreOffice_5.0.0_Linux_x86_deb.tar.gzဆိုတဲ့ command နဲ့ Extract ပြုလုပ်လိုက်ပါ။ ပြီးသွားရင် LibreOffice ရဲ့လမ်းကြောင်းကို ပြုလုပ်ပေးရန်အတွက် cd LibreOffice_5.0.0.5_Linux_x86_deb ဆိုတဲ့ command ကိုရိုက်ထည့်လိုက်ပါ။ နောက်ဆုံးအဆင့်ကတော့ sudodpkg -i *.deb ဆိုတဲ့ command နဲ့ ဖိုင်တွေကို ထည့်သွင်းရပါမယ်။

Ubuntu 64 bit သုံးစွဲသူတွေ အတွက်ကတော့  wget http://download.document foundation.org/libreoffice/stable/5.0.0/deb/x86_64/LibreOffice_5.0.0_Linux_x86-64_deb.tar.gzcd LibreOffice_5.0.0.5_Linux_x86-64_debsudodpkg-i*.deb ဆိုတဲ့ command တွေနဲ့ ထည့်သွင်းနိုင်ပါတယ်။