MandalaySoft 2014 နှင့် Devcon Mandalay 2014 ကျင်းပမည်

Update News_5.jpg

မန္တလေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းနှင့်လုပ်ငန်းရှင်းအသင်းတို့ ပူးပေါင်း၍ MandalaySoft 2014 နှင့် Devcon Mandalay 2014 ကို ၂၀၁၄ ခုနစ် ဒီဇင်ဘာ ၁၂ ၊၁၃ နှင့် ၁၄ ရက်များတွင် ကျင်းပမည် ဖြစ်သည်။ ဆော့ဝဲအမျိုးမျိုး ရေးသားသူများ ဝါသနာရှင်၊ ပညာရှင်များ၊ အတွေ့အကြု ရှိ Software House မှ ပညာရှင်များ၏ နည်းပညာဆိုင်ရာ ဆွေးနွေးမှုများ အတွေ့အကြုံဖလှယ်မှုများ ပါဝင်မည်ဖြစ်သည်။

Software ဆိုင်ရာ ပြပွဲများ၊ ရေးသားမှူပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်ပြီး Software Roadshow ကို ဒီဇင်ဘာ ၁၂ – ၁၃ ရက်များတွင်လည်းကောင်း၊ Developer Conference ကို ဒီဇင်ဘာ ၁၄ ရက်တွင်လည်းကောင်း အသင်းရုံးတည်ရှိရာ ရွှေဖြူပလာဇာ ဒုတိယထပ် ၃၃× ၇၇ လမ်းထောင့်တွင် သတ်မှတ်ရက်များအတွင်း မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိကျင်းပမည်ဖြစ်ကာ ပါဝင်ပြသလိုသူများနှင့် စိတ်ပါဝင်စားသူများ အနေဖြင့် ဖုန်း ၀၂ ၆၉၃၁၃ နှင့် ၀၂ ၆၉၃၁၅ ၌ စုံစမ်းနိုင်မည်ဖြစ်သည်။