Ashley Madison ဝက်ဘ်ဆိုက် အချက်အလက်များကို အွန်လိုင်းတွင် ဟက်ကာများ ထုတ်ပြန်

ashleymadison-SH-reuters-2015aug19-.jpg

ဟက်ကာများသည် အမျိုးသားနှင့် အမျိုးသမီးတို့ကို အချိန်းအချက် ပြုလုပ်ပေးသည့် Ashley Madison ဝက်ဘ်ဆိုက်ကို တိုက်ခိုက်ရာမှ ရရှိသည့် သုံးစွဲသူ အချက်အလက်များကို အွန်လိုင်းတွင်  ဖြန့်ချိခဲ့ကြောင်း နည်းပညာ သတင်းဝက်ဘ်ဆိုက် အများအပြားက ဖော်ပြခဲ့သည်။

အဆိုပါ အချက်အလက်များသည် အထူးပြုလုပ်ထားသည့် browser အသုံးပြုမှသာ ကြည့်ရှုနိုင်သည့် dark web (ကွန်ရက်) တွင် ဖော်ပြထားသည်။ သို့ရာတွင် အဆိုပါသတင်း ထွက်ရှိပြီးနောက် အခြားဆိုက်များတွင် ကော်ပိုရေးရှင်း ကုမ္ပဏီနှင့် တက္ကသိုလ်များနှင့် ဆက်စပ်လျက်ရှိသည့် အီးမေးလ်လိပ်စာ ရာပေါင်းများစွာလည်း ထွက်ရှိလာသည်။ ၎င်းအချက်အလက်များကို The Impact Team ဟု အမည်ရသော ဟက်ကာများက ဇူလိုင်လ၌ ပေါက်ကြားခဲ့သည့် အချက်အလက်များကို ရရှိခဲ့ပြီး တိုရွန်တိုမြို့အခြေစိုက် Avid Life Media မှ ပိုင်ဆိုင်ပြီး ဖြုတ်ချခဲ့သည့် EstablishedMen.com အပြင် Ashley Madison မှသုံးစွဲသူ ၃၇ သန်း၏ အသေးစိတ် အချက်အလက်နှင့် နာမည်များကို ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။

“ဒီလူတွေဟာ နာမည်ကျော်ကြား ချင်တဲ့ပုံပါ။ ဒါဟာဆိုက်ဘာ အကြမ်းဖက်မှု မဟုတ်ပါဘူး။ ဆိုက်ဘာစေတနာ့ ဝန်ထမ်းပုံစံတွေပါ” ဟု ကနေဒါရှိ ဆိုက်ဘာ လုံခြုံရေးကုမ္ပဏီ FireEye  မှ အထွေထွေ မန်နေဂျာ အေဂျေကေဆုဒ်က ပြောဆိုခဲ့သည်။ ရဲနှင့် သတင်းရင်းမြစ်များ Ahsley Madison တိုက်ခိုက်မှုတွင် အတွင်းလူပါနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ကြသည်။

ဟက်ကာများအနေဖြင့် အွန်လိုင်းတွင် တင်ခဲ့သည့် အချက်အလက်များသည် အလွန်ကြီးမားကြောင်း ငွေပေးချေမှု မှတ်တမ်းများနှင့်အတူ အီးမေးလ်လိပ်စာ ၁ သန်းကျော်ရှိကြောင်း Microsoft လုံခြုံရေး ကျွမ်းကျင်ပညာရှင် ထရွိုင်ဟန့်က ပြောကြားခဲ့သည်။ 

Ref: Reuters