Wi-Fi hotspot များ ပိတ်ပင်မှုကြောင့် Smart City LLC ဒဏ်ငွေ ကန်ဒေါ်လာ ၇၅၀,၀၀၀ ပေးဆောင်ခဲ့ရ

fcc-SH-theverge-2015aug19-.jpg

ဖက်ဒရယ် ဆက်သွယ်ရေး ကော်ဖရှင် (FCC) သည် Wi-Fi hospot များ ပိတ်ပင်ခဲ့မှုကြောင့် ညီလာခံစင်တာများနှင့် ဟိုတယ်များအတွက် Wi-Fi ဝန်ဆောင်မှုများ ထောက်ပံ့ပေးသည့် ဆက်သွယ်ရေး ကုမ္ပဏီ Smart City LLC ကို ကန်ဒေါ်လာ ၇၅၀,၀၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

Smart City သည် ဖီးနစ်မြို့၊ အော်လန်ဒိုမြို့၊ အင်ဒီယာနာမြို့၊ ကိုလန်ဘတ်စ်မြို့နှင့် စင်စင်နာတီမြို့တွင် ပြုလုပ်ပေးခဲ့သော ညီလာခံ စင်တာများတွင် ကုမ္ပဏီ Wi-Fi ကွန်ရက်များကို အသုံးပြုရန် သုံးစွဲသူများကို တစ်ရက်လျှင် ကန်ဒေါ်လာ ၈၀ ကောက်ခံခဲ့သည်။ ၂၀၁၄ ခုနှစ် ဇွန်လတွင် ကော်မရှင်အနေဖြင့် Smart City ကဆက်သွယ်ရေး ကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးကို ချိုးဖောက်၍ တစ်ကိုယ်ရေ Wi-Fi ကွန်ရက်ချိတ်ဆက် အသုံးပြုသည့် ညီလာခံ တက်ရောက်သူများကို ဟန့်တားရန် လှိုင်းများကို နှောင့်ယှက်ခဲ့ကြောင်း ကန့်ကွက်စာများ ရရှိခဲ့သည်။ ယခုအခါတွင် အမှုအပြီးအပြတ် ပြေငြိမ်းစေရန်  FCC အနေဖြင့် Smart City ကို Wi-Fi ပိတ်ပင်မှုများကို ဆက်လက် မလုပ်ဆောင်ရန် အာမခံစေပြီး ကန်ဒေါ်လာ ၇၅၀,၀၀၀ ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

ညီလာခံတွင် ပြုလုပ်သည့် လုပ်ငန်းစဉ်အတွင်း လှိုင်းများပိတ်ပင်သည့် နည်းစနစ်ကို စံတစ်ခုအဖြစ်သာ အသုံးပြုခဲ့ကြောင်း၊ တစ် ရာခိုင်နှုန်းထက် နည်းပါးသော ထုတ်ကုန်များသာလျှင် ၎င်းစနစ်နှင့် ကင်းကွာလျက်ရှိကြောင်း Smart City ဥက္ကဌမာ့ခ်ဟေလေက ပြောကြားခဲ့သည်။

Ref: TheVerge