Standard Chartered ဘဏ်မှ အသေးစားနှင့် အလတ်စားလုပ်ငန်းများ အတွက် ပညာရေး အစီအစဉ်ကို မြန်မာနိုင်ငံ တစ်ဝန်á

E4E-Press1_WW_British-Council-Ambassador's-house_2015Aug14.jpg

ဗြိတိသျှကောင်စီ၏ပံ့ပိုးမှုဖြင့် Standard Chartered ဘဏ်မှ အသေးစားနှင့်အလတ်စားလုပ် ငန်းများအတွက် ပညာရေးအစီအစဉ် (MSME) ကို မြန်မာနိုင်ငံတစ်ဝန်းတွင် ဆက်လက်တိုးချဲ့ လုပ်ဆောင်သွားရန် ကြေညာချက် တစ်ရပ်ကို သြဂုတ်လ ၁၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

Education for Entrepreneurs (E4E) ခေါ် စီးပွားရေးလုပ်ငန်းရှင်များအတွက် ပညာရေးအစီအစဉ်ကို Standard Chartered ဘဏ်က Pricewaterhouse-Coopers ၏ ပံ့ပိုးမှုဖြင့် စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဤပညာရေးအစီအစဉ်၏ ရည်ရွယ်ချက်မှာ စီးပွားရေးလုပ်ငန်း ဦးဆောင်သူများအား မိမိတာဝန်ယူဦးဆောင် နေသော ကုမ္ပဏီ၊ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုထိရောက် စွာစီမံခန့်ခွဲနိုင်ရန်၊ ဘဏ္ဍာရေးနှင့် စီးပွားရေး အသိပညာဆိုင်ရာများကို ပိုမိုနက်ရှိုင်းစွာ နားလည် တတ်ကျွမ်းစေရန်ဖြစ်သည်။

ဤအစီအစဉ်ကို မြန်မာနိုင်ငံ ၌ ၂၀၁၄ ခုနှစ်တွင်စတင်ခဲ့ခြင်း ဖြစ်သည်။ Standard Chartered ဘဏ်က ဗြိတိသျှကောင်စီမှ သင်တန်းဆရာ၊ ဆရာမများကို မြန်မာနိုင်ငံ တစ်ဝန်း အသေးစားနှင့် အလတ်စား လုပ်ငန်းများအား ဤအစီအစဉ်ကိုပို့ချနိုင်ရန် ပညာရေးဆိုင်ရာ အထောက်အပံ့ ပစ္စည်းများအပြင် လိုအပ်သော အကူအညီများကို ပံ့ပိုးပေးခဲ့သလို သင်တန်းဆရာ၊ ဆရာမများကလည်း မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် မုံရွာမြို့များရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းပေါင်း ၃၆၈ ခုအား ဤအစီအစဉ်ကို သင်ကြား ပို့ချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် Standard Chartered နှင့် ဗြိတိသျှကောင်စီတို့မှ ပဲခူး၊ ပုသိမ်၊ ကျိုင်းတုံနှင့် ပခုက္ကူ မြို့များရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် တိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ E4E ပညာရေး အစီအစဉ်တွင် ငွေကြေးလည်ပတ်မှုကို စီမံခြင်း၊ ရသုံးခန့်မှန်းတွက်ချက်ခြင်း၊ စာရင်းအင်းပညာရေးနှင့် စီးပွားရေးစီမံကိန်းဆွဲခြင်း စသည့်ကဏ္ဍများပါဝင်မည်ဖြစ်ပြီး ဗြိတိသျှကောင်စီမြန်မာ၏ လူမှုစီးပွားကျွမ်းကျင်မှု အစီအစဉ် (Skills for Social Entrepreneurs) ကိုလည်း ဤပညာရေး အစီအစဉ်က အထောက်အကူ ပြုပေးမည်ဖြစ် ကြောင်း သိရသည်။

လုပ်ငန်းရှင်များအတွက် ပညာရေးအစီအစဉ်ကို ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၄ ရက်က ရန်ကုန်မြို့ Standard Chartered မှ ကျွမ်းကျင်သူများက ဗြိတိသျှကောင်စီ၏ ဒုတိယအသုတ် သင်တန်းဆရာ၊ ဆရာမများကို သင်တန်းပေးသော workshop ဆွေးနွေးပွဲအစီအစဉ်ဖြင့် စတင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတက်ရောက်သူ ဆရာများက ပထမအသုတ် ဆရာ၊ ဆရာမများနှင့်အတူ မြန်မာလုပ်ငန်းရှင်များအား တစ်ဆင့် သင်တန်းများပို့ချခြင်းကို အောက်တို ဘာလတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။