မြန်မာနိုင်ငံ၏ ရေကြီးမှုဖြစ်စဉ်တွင် မိုဘိုင်းဖုန်း ဆက်သွယ်မှုကြောင့် အင်တာနက် လူမှုကွန်ရက်မá

IMG_4619-.jpg

မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပေါ်ခဲ့သော ရေလွှမ်းမိုးခြင်း သဘာဝဘေး အန္တရာယ်ဖြစ်စဉ်တွင် မိုဘိုင်းဖုန်း ဆက်သွယ်မှုများကြောင့်  အင်တာနက် လူမှုကွန်ရက်ပေါ်မှ ကူညီမှုများ အများအပြား ပေါ်ထွက်လာခဲ့ကြောင်း ရန်ကုန် အခြေစိုက်သည့် ပရဟိတ အဖွဲ့အစည်းများမှ စုံစမ်းသိရသည်။

၂၀၁၅ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်ခန့်မှ စတင်၍ မြန်မာနိုင်ငံ ဒေသအချို့တွင် ရေကြီးသည့်ဖြစ်စဉ် များဖြစ်ပေါ်ခဲ့ပြီးနောက် အချိန် အနည်းငယ်အတွင်းမှာပင် အင်တာနက်ပေါ်ရှိ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် သတင်းနှင့်ဓာတ်  ပုံများပျံ့နှံ့လာခဲ့ခြင်း ဖြစ်သည်။

သတင်း အချက်အလက်များသည် အချိန်နှင့် တပြေးညီ  အင်တာနက်ပေါ်ရှိ လူမှုကွန်ရက် စာမျက်နှာများသို့ ရောက်ရှိခဲ့ခြင်းကြောင့် ပုဂ္ဂလိကအဖွဲ့များ၏ ကူညီကယ်ဆယ်မှုများ ဆက်တိုက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဒေသ ရေစကြီးပြီး သိပ်မကြာဘူး။ သတင်းတွေ၊ ဓာတ်ပုံတွေ အင်တာနက်ပေါ် ရောက် ကုန်တယ်လို့ သိရတယ်။ သိပ်မကြာဘူး။ ပုဂ္ဂလိကပေါ့ဗျာ ။ ပရဟိတအဖွဲ့လေးတွေ ရောက်လာကြပြီး ကူညီကယ်ဆယ်ရေး တွေ လုပ်ပေးတယ်။ ကျွန်တော်တို့ ဒေသခံတွေကတော့ ဒီလို ကယ်ဆယ်တာတွေ ချက်ချင်းတောင် သိပါ့မလားဆိုပြီး စိုးရိမ်ခဲ့ကြသေးတာ”ဟု ကလေးမြို့မှ ရေဘေးရှောင် ဒေသခံတစ်ဦးဖြစ်သူ ဦးဝင်းဦးက ဆိုသည်။

လူတစ်ဦးချင်း၏ မိုဘိုင်းဖုန်း အသုံးပြုမှု တိုးတက်လာခြင်းက သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ အများပြည်သူထံသို့ ရောက်ရှိအောင် လုပ်ဆောင် ပေးနိုင်လာကြောင်း အထက်ပါ ပရဟိတ လုပ်ကိုင်သူ လူငယ်အချို့ က သုံးသပ်ပြောကြားသည်။

“နိုင်ငံသား သတင်းပေးသူတွေ များလာတယ်ပေါ့။ မိုဘိုင်းဖုန်းတွေရှိလာလို့ သတင်းအချက် အလက်တွေ၊ ဓာတ်ပုံတွေကို အင်တာနက်ပေါ် အချိန်နဲ့ တပြေးညီ တင်လာနိုင်ကြတယ်။ အကူအညီ လိုအပ်သူတွေကလည်း နီးစပ်ရာ အဆက်အသွယ် တွေကနေတစ်ဆင့် မိုဘိုင်းဖုန်းတွေသုံးပြီး အကူအညီ တောင်းခံလာကြတယ်” ဟု ရန်ကုန်မြို့တွင်နေထိုင်သည့် ပရဟိတ လူငယ်အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးငယ်တစ်ဦးက ဆိုသည်။

ရေလွှမ်းမိုးခဲ့သည့် ဒေသများနှင့် ရေဘေးရှောင်ဒေသခံများနှင့် ပတ်သတ်သည့် သတင်းအချက် အလက်များကို မိုဘိုင်းဖုန်းများ အသုံးပြု၍ သတင်းပေးသူများ များပြားလာခြင်း အပြင် ပုဂ္ဂလိက ပရဟိတအဖွဲ့အစည်းနှင့် အိုင်စီတီ နယ်ပယ်မှ လူငယ်အချို့သည် ည်း အဆိုပါဒေသများနှင့် ပတ်သတ်သည့် အသေးစိတ် အချက်အလက်များကို ဝက်ဘ်ဆိုက်များပေါ်မှ တဆင့် အများပြည်သူသို့ မျှဝေမှုများ ပြုလုပ်ခဲ့ကြသည်။

“အိုင်စီတီမှာ လူငယ်တွေ များလာတာလည်းပါတယ်။ တဖက်တလမ်းကနေ အိုင်စီတီကို အသုံးချပြီး ကူညီလာနိုင်တာပါ။ မိုဘိုင်းဖုန်းတွေ သုံးတာများလာတာလည်း အဓိကအချက်ပါပဲ” ဟု ပရဟိတ လုပ်ကိုင်သူ ကိုဇေယျာနိုင်က ဆို သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ရေလွှမ်းမိုးမှု  ကနဦးဖြစ်စဉ်တွင် သတင်းရင်းမြစ် အများစုသည် မိုဘိုင်းဖုန်းဆက်သွယ်မှုနှင့် အင်တာနက်ပေါ်ရှိ Facebook ကဲ့သို့ လူမှုကွန်ရက်စာမျက်နှာများပေါ်မှ တစ်ဆင့် ရရှိလာခဲ့ကြခြင်းဖြစ်သည်။