NCC (UK) ၏ ကွန်ပျူတာဒီပလိုမာ ပထမနှစ်စာမေးပွဲတွင် တစ်ကမ္ဘာလုံး အမှတ်အများဆုံးဆုရှင် ကိုသုတနိုင်၏

Thu-Ta-Naing_KMD_KMD-(mahar-myaing)_Student-Life_2015Aug20.jpg

ဒီအပတ်မှာတော့ NCC (UK) ရဲ့ ကွန်ပျူတာဒီပလိုမာ ပထမနှစ် စာမေးပွဲမှာ တစ်ကမ္ဘာလုံးအမှတ်အများဆုံးရရှိခဲ့တဲ့ ကိုသုတနိုင်ရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

အမည်နဲ့ ပညာအရည်အချင်းသိပါရစေ။

ကျွန်တော့်နာမည် ကိုသုတနိုင်ဖြစ်ပါတယ်။ ကျွန်တော်လက်ရှိ တက်ရောက်နေတာကတော့ ရန်ကုန်နည်းပညာတက္ကသိုလ် (ပထမနှစ် Elec-tronic Engineering) နဲ့ KMD (မဟာမြိုင်) Second Year Diploma in Computing (L5DC) ဖြစ်ပါတယ်။

NCC (UK) ရဲ့ ကွန်ပျူတာဒီပလိုမာ ပထမနှစ် တက်ရောက်ခွင့်ရရှိခဲ့ပုံကို ပြောပြပေးပါဦး။

တက္ကသိုလ်ဝင်တန်းမှာ ၆ ဘာသာဂုဏ်ထူးရရှိခဲ့တာကြောင့် KMD မှ ပေးအပ်တဲ့ သင်တန်းကြေး ၁၀၀ ရာခိုင်နှုန်းကင်းလွတ်ခွင့် Scholarship နဲ့ First Year Diploma in Computing ( L4DC ) Section -30 မှာ တက်ရောက်ခဲ့ပါတယ်။ အခုလက်ရှိ Second Year ကို Section 21 မှာ တက်နေပါတယ်။

ဒီသင်တန်းကို ရွေးချယ်တက်ရောက်ရခြင်းနဲ့ တက်ရောက်ဖြစ်ပုံကိုလည်း ရှင်းပြပေးပါ။

ကျွန်တော် ၄ တန်းကတည်းက IT နဲ့ပတ်သက်တဲ့ ပညာရပ်တွေကို စိတ်ဝင်စားခဲ့ပါတယ်။ Computer Systme Unit ထဲမှာ ဘာပစ္စည်းတွေ နဲ့ တည်ဆောက် ဖွဲ့စည်းထားတာလဲ ဆိုတာကို သိချင်စိတ်၊ စူးစမ်းချင်စိတ်နဲ့ စတင်လေ့လာရင်းကစပြီး IT ပညာရပ်ကိုစတင်လေ့လာခဲ့ပါတယ်။ High Achieves ဆိုတဲ့အရာကို ကျွန်တော် First Year Fresher Welcome တက်ရောက်ကတည်းက စပြီးသိခဲ့တာပါ။

UK ကချီးမြှင့်တဲ့ Global High Achiever Awards လို့ခေါ်တဲ့ တစ်ကမ္ဘာလုံး အမှတ်အများဆုံးဆု ရရှိအောင် ဘယ်လိုကြိုးစားခဲ့လဲ။

NCC က ကျွန်တော်တို့ရဲ့ Senior Students တွေကို Achiever award ပေးတာတွေကို အားကျစိတ်ဖြစ်မိပြီး သူတို့လိုမျိုးကြိုးစားရင် ကျွန်တော်လည်း ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ First Year မှာ အစွမ်းကုန်ကြိုးစားရင်း အခုလို Global High Achiever ဆုကိုရရှိခဲ့တာပါ။

KMD Computer Centre ရဲ့ ပံ့ပိုးကူညီမှုအပိုင်းကိုသိပါရစေ။

ကျွန်တော် Global High Achiever ဆုရရှိအောင် KMD နဲ့ KMD က ဆရာ၊ ဆရာမတွေရဲ့အကျိုးကျေးဇူးတွေ အများကြီးပါဝင်ပါတယ်။ အထူးသဖြင့် Assignment တွေ၊ Lectures တွေ နားမလည်တဲ့အခါ စိတ်ရှည်ရှည်နဲ့ရှင်းပြခဲ့တဲ့ ဆရာ၊ ဆရာမတွေ၊ Exam နီးတဲ့အခါ သက်ဆိုင် ရာ Subject အလိုက် အထပ်ထပ် အခါခါ Revision ပြန်ပေးခဲ့တာတွေ၊ KMD ကစနစ်တကျစီစဉ်ထားတဲ့ Lecture Hand out တွေ၊ လစဉ် Seminar ကျင်းပပေးတာတွေက ကျွန်တော့်ရဲ့အောင်မြင်မှုမှာ အများ ကြီးအကျိုးပြုခဲ့ပါတယ်။ အခုလို Global High Achiever ဆုကိုရရှိခဲ့တဲ့ အတွက် အလွန်ပင် ဝမ်းသာအားရဖြစ်မိပါတယ်။ First Year စတက်က တည်းက တစ်နှစ်ပတ်လုံး တစိုက်မတ်မတ် ကြိုးစားခဲ့တဲ့ အကျိုးကျေးဇူးတွေကြောင့်လဲ ပါပါတယ်။ အခုလိုကြိုးစားခဲ့တာကြောင့် KMD ကနေပြီး ကျွန်တော်အခုတက်နေတဲ့ Second Year သင်တန်းကြေး သိန်း ၂၀ ကို ကင်းလွတ်ခွင့် ဆုချီးမြှင့်ခဲ့ပါတယ်။ NCC Education အနေနဲ့လည်း Global High Achiever Award နဲ့ Certificate ကို ဆုချီးမြှင့်ခဲ့ပါတယ်။

အခုဒုတိယနှစ်တက်ရောက်နေတော့ အနာဂတ်ဘ၀ရည်မှန်းချက်လည်း ပြောပြပေးပါဦး။

Second Year မှာ Global High Achiever ရရှိအောင်လို့ ဆက်လက် ကြိုးစားပါဦးမယ်လို့ ပြောကြားချင်ပါတယ်။