Intel ၏ Skylake ပရိုဆက်ဆာများက 4K မော်နီတာ ၃ လုံးကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်

intel-skylake-SH-9to5mac-2015aug21-.jpg

Intel ၏အသစ်ထွက်ရှိမည့် Skylake ပရိုဆက်ဆာများသည် 60Hz တွင် 4K display ၃ ခုကို တစ်ပြိုက်နက်တည်း ချိတ်ဆက် ကြည့်ရှုနိုင်ကြောင်း Intel Develoer Forum တွင် မိတ်ဆက်ခဲ့သည်။ Skylake နှင့်ပတ်သက်သည့် အချက်အလက်များကို လာမည့်ရက် သတ္တပတ် နှစ်ပတ်အတွင်း အသေးစိတ် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း Intel က ထုတ်ပြန်ခဲ့သည်။

Intel ၏ Skylake CPU များတွင် 4K ဗွီဒီယိုလုပ်ငန်းစဉ် ထောက်ပံ့ပေးနိုင်သည့် လုပ်ဆောင်ချက် ပါဝင်လာသည်။ ပြီးခဲ့သည့်နှစ်က Intel မှမိတ်ဆက်ခဲ့သည့် Broadwell ပရိုဆက်ဆာများသည် 60Hz တွင် 4K display တစ်ခုကိုသာ ချိတ်ဆက်ထားနိုင်သည်။ Intel ၏ Skylake တွင် ပါဝင်သော အခြား feature များတွင် ၂၀၁၃ ခုနှစ်ကတည်းက ဖန်တီးလျက်ရှိသော EDRAM+ ဟုအမည်ရသော feature ပါဝင်လာသည်။ (EDRAM+) သည် CPU အတွက် အချက်အလက်များ သိမ်းဆည်းပေးနိုင်သည်။ ယခင်က DRAM ကမူ GPU အတွက် အချက်အလက်ကို သိမ်းဆည်းပေးနိုင်သည်။

ထို့အပြင် Skylake တွင် Speed Shift ဟုအမည်ရသည့် feature သစ်ထောက်ပံ့မှု ပါဝင်လာပြီး ဘက်ထရီ သက်တမ်းကို ပိုမိုကောင်းမွန်စေမည် ဖြစ်သည်။

Ref: 9to5Mac