
Monsters Shooter ဂိမ်းသည် iOS အသုံးပြုထားသည့် Device များပေါ်တွင်ဆော့ကစားနိုင်မည့် ဂိမ်းအမျိုးအစားတစ်ခုဖြစ်သည်။ စီတန်း၍ ကျလာသည့် Monster အကောင်လေးများကို တူညီရာ အကောင် ဖြင့်ပစ်ခတ်၍ ဖျက်စီးပစ်ရမည့်ဂိမ်းအမျိုးအစားတစ်ခုဖြစ်သည်။ ပေါ့ပေါ့ ပါးပါးနှင့်ဆော့ကစားနိုင်မည့် ဂိမ်းအမျိုးအစားတစ်ခုလည်းဖြစ်သည်။
အဆိုပါဂိမ်းကို အသုံးပြုခွင့်အတွက် ယခင်က iTunes Store တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းရပြီး ယခု အခါမှာတော့ အခမဲ့ ရယူဆော့ကစားနိုင်မည်ဖြစ်သည်။ iOS Version 5.1 နှင့်အထက် Device များတွင် ဆော့ကစားနိုင်မည့် ဂိမ်းလည်းဖြစ်သည်။
ဒေါင်းလုပ်ရယူလိုသူများအတွက်
ဒီနေရာကို နှိပ်ပါ