location-based service (LBS)

တည်နေရာအခြေခံ ဝန်ဆောင်မှု (LBS) ဆိုသည်မှာ IP ဖြင့်သုံးနိုင်သော မိုဘိုင်းထုတ်ကုန်တစ်ခု တည်ရှိသည့် နေရာကို သိရှိနိုင်သော software application တစ်ခုဖြစ်သည်။ တည်နေရာအခြေခံ ဝန်ဆောင်မှုများသည် မေးခွန်းကို အခြေခံပြီး end user ထံ အသုံးတည့်စေမည့် အချက်အလက် ထောက်ပံ့ခြင်းမျိုး ဖြစ်နိုင်သလို အနီးအနားရှိ ဖောက်သည်များ၏ အချက်အလက်ရယူပြီး ကူပွန်ပေးအပ်ခြင်း သို့မဟုတ် အခြား ဈေးကွက်ရှာဖွေမှု ပြုလုပ်ခြင်းမျိုးလည်း ဖြစ်နိုင်သည်။

LBS တစ်ခုတွင် အခြေခံ အစိတ်အပိုင်း ၅ ခုရှိရန် လိုအပ်သည်။ ၎င်းတို့မှာ –

– service provider ၏ software application
– ဝန်ဆောင်မှုအတွက် အချက်အလက်ထုတ်လွှင့်ရန်နှင့် တောင်းဆိုရန် မိုဘိုင်းကွန်ရက်တစ်ခု
– end user ထံ တည်နေရာ အချက်အလက် ထောက်ပံ့ပေးမည့် content provider
– တည်နေရာပြ ပစ္စည်း
– end user ၏ မိုဘိုင်းထုတ်ကုန် တို့ဖြစ်သည်။

ဥပဒေစည်းမျဉ်းအားဖြင့် တည်နေရာအခြေခံ ဝန်ဆောင်မှုများသည် ခွင့်ပြုချက်ပေါ်တွင် အခြေခံသည်။ အဓိပ္ပာယ်မှာ end user က တည်နေရာအခြေခံ ဝန်ဆောင်မှု အသုံးပြုရန်အတွက် ခွင့်ပြုချက်ပေးရမည် ဖြစ်သည်။ အချို့သော ကိစ္စရပ်များတွင် LBS application ကို ထည့်သွင်းသည့်အခါ ထုတ်ကုန်၏ တည်နေရာကို သိရှိနိုင်ရန် ဝန်ဆောင်မှုက တောင်းဆိုမှုကို လက်ခံရမည် ဖြစ်သည်။

တည်နေရာအခြေခံ ဝန်ဆောင်မှုများသည် ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် ထွက်ပေါ်လာခဲ့သော်လည်း အများစုမှာ လစဉ်ကြေး အခြေခံ စီးပွားရေးလုပ်ငန်းများတွင်သာ အသုံးပြုခဲ့ကြသည်။ Apple ၏ 3G iPhone နှင့် Google ၏ LBS သုံးနိုင်သော Anroid operating system ဖြန့်ချိခဲ့ပြီးနောက် developer များက သုံးစွဲသူ သန်းပေါင်းများစွာထံ LBS ကို မိတ်ဆက်ပေးခဲ့ကြသည်။