Prototype Biohazard Bundle

Prototype-Biohazard-Bundle--NAL-Online-Gamereview-2015Aug13.jpg

Prototype Biohazard Bundle ဟာ Activision ရဲ့ 7th Generation Console ခေတ်မှာ ထွက်ရှိခဲ့တဲ့ Prototype 1 နဲ့ Prototype  2 ဂိမ်းတွေကို resolution ပိုင်းနှင့် graphics ပိုင်း အနည်းငယ်ပြန်လည် ပြင်ဆင်ထားပြီး PS4 နှင့် Xbox One ဂိမ်းစက်တွေအတွက် ပြန်ထုတ်ထားတဲ့ ဂိမ်းဖြစ်ပါတယ်။ Prototype  ဂိမ်းနှစ်ခုလုံးဟာ Open World ဂိမ်းပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့အတွက် console အသစ်တွေ ဝယ်ပြီးနောက်ပိုင်း မကစားခဲ့ရသူတွေနဲ့ graphics အမြင့်ပိုင်းနှင့် ပြန်ကစားလိုသူတွေအတွက် အဆင်ပြေမှာပါ။ Open World ဂိမ်းနှစ်ခုဖြစ်တဲ့ Prototype နှင့် PlayStation exclusive ဂိမ်း Series တစ်ခုဖြစ်တဲ့ Infamous တို့ သိပ်မကွာတဲ့ အချိန်အတွင်းမှာပဲ အပြိုင်အဆိုင် ထွက်ရှိခဲ့လို့ အမြဲနှိုင်းယှဉ်ခြင်း ခံခဲ့ရဖူးတဲ့ Prototype 1 ကိုရော Prototype  2 ကိုပါ publisher Activision ပိုင်ဆိုင်တဲ့ developer Radical Entertainment ကပဲ ရေးသားထားတာ ဖြစ်ပါတယ်။ ၂၀၁၄ ကတည်းကစပြီး ၂၀၁၅ အစောပိုင်းနှင့် နှစ်လယ်ပိုင်းမှာ Remastered Version တွေ အရမ်းထွက်နေခဲ့ပေမယ့် သြဂုတ်လကစပြီး Until Dawn, Mad Max နှင့် Metal Gear Solid V – The Phantom Pain တို့လိုဂိမ်းသစ်တွေ အများကြီး ပြန်ထွက်လာတော့မှာ ဖြစ်လို့ Prototype ဂိမ်းနှစ်ခုလုံးပါဝင်တဲ့ Prototype Biohazard Bundle ကတော့ HD Remaster ခေတ်ရဲ့ နောက်ပိုင်းကာလမှာ ထွက်လာတာလို့ ပြောနိုင်ပါတယ်။

Prototype ပထမဂိမ်းမှာ ကစားသူဟာ အတိတ်မေ့နေပြီး Virus ပိုးတစ်မျိုးဖြင့် စမ်းသပ်ခံထားရရာမှ အသွင်မျိုးစုံ ပြောင်းနိုင်သော ထူးခြားတဲ့ Bio Weapon လူသားတစ်ယောက်ဖြစ်သူ Alex Mercer နေရာကနေ ကစားရမှာဖြစ်ပြီး Virus ပိုးရဲ့ နောက်ကွယ်မှ လျှို့ဝှက်ချက်တွေကို ရှာဖွေရပုံ ကစားရမှာ ဖြစ်ပါတယ်။ Mercer ဟာ ဂိမ်းရဲ့ဇာတ်လိုက်ဆိုပေမယ့် God of War ဂိမ်းတွေက Kratos လိုမျိုးပဲ လိုချင်တာရဖို့ အပစ်မဲ့သူတွေကို စတေးဖို့ ဝန်မလေးသူ
တစ်ယောက် ပုံစံဖန်တီးထားပြီး ဒုတိယဂိမ်းမှာတော့ Mercer ကို လက်စားချေလိုသူ James Heller နေရာက ကစားရမှာ ဖြစ်ပါတယ်။ James Heller ရဲ့ မိသားစုဟာ Mercer Virus ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် Heller ဟာ Alex Mercer ကို လက်စားချေချင်နေသူ ဖြစ်ပါတယ်။ Prototype 2 မှာ Heller ဟာ Mercer နဲ့ တိုက်ခိုက်ရမည့်အပြင် Virus နှင့် ဇီဝ လက်နက် Bio Weapon တွေကို စမ်းသပ်နေတဲ့ ရန်သူ Blackwatch group ကိုပါ နှိမ်နှင်း ရန်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

Experience points နှင့် Leveling system ပါဝင်တဲ့ အတွက်ကြောင့် Movement speed နှင့် Jumping ability အစရှိတဲ့ Basic character ability တွေရော
တိုက်ခိုက်မှု စွမ်းအင်တွေကိုပါ upgrade တင်နိုင်မှာ ဖြစ်သလို Fallout 3 နှင့် Fallout New Vegas တို့ကလိုမျိုး Level တက်တိုင်း တိုက်ခိုက်မှုတွေမှာ နောက်ထပ်
သီးသန့် effect နှင့် bonus ability တွေ လိုက်ပေါင်းပေးတဲ့ Perk System လည်း ပါဝင်ပါတယ်။ Prototype ရဲ့ trademark တစ်ခုလို့ ပြောလို့ရမယ့် New York မြို့သူမြို့သားတွေနဲ့ ရန်သူတွေကို ဝါးမြို ပြီး သွေးဖြည့်နိုင်တဲ့ consume ability ပြန်လည် ပါဝင်သလို အရေးပါတဲ့ Blackwatch တပ်သားတွေဆီမှ မှတ်ညဏ်များ ရယူရန်၊ Weapons နှင့် Vehicles upgrade များရယူရန်အတွက်ကိုလည်း Consume ability အသုံးပြုနိုင်ပါတယ်။ မိမိ Consume ပြုလုပ်ထားတဲ့ ရန်သူပုံဟန်ဆောင်ပြီး ရန်သူ စခန်းတွေထဲ ဖောက်ဝင်ကာ Stealth ပုံစံကစားရတဲ့ Infiltration mission တွေလည်း ပါဝင်ပါတယ်။  ဂိမ်းနှစ်ခုစလုံးမှာ Main Story Mode ကြီးပဲ ကစားမယ်ဆိုရင် တစ်ဂိမ်းကို ၁၀ နာရီလောက် gameplay time ရှိပါတယ်။ Side missions တွေလည်း ပါဝင်သလို  Boss fights တွေမှာတော့ Prototype 2 ကပိုပြီး ကစားလို့ကောင်းတာ တွေ့ရမှာပါ။

Graphics ပိုင်းကတော့ Tomb Raider Definitive Edition တို့ God of War III – HD Remastered တို့လိုမဟုတ်ဘဲ အရင်ကထက် သိသိသာသာကြီး ပိုမကောင်းလာပေမယ့် Gameplay ပိုင်းကစားရတာ အရမ်းသွက်တော့ ရန်သူတွေနဲ့ တိုက်ခိုက်နေချိန်၊ တိုက်အမြင့်ကြီးတွေပေါ် ပြေးတက်နေချိန်၊ ပျော်ဖို့ကောင်းတဲ့ Special Ability တွေ သုံးနေရချိန်မှာဆို Graphics ပိုင်းကိုတောင် သိပ်သတိထားမိမှာ မဟုတ်ပါဘူး။ Prototype 1 ရဲ့ ဇာတ်ကောင် Alex Mercer ကတော့  Anti-Hero ပုံစံ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်ပြီး Prototype 2 ကတော့ အရင်ဂိမ်းတုန်းက ကောင်းတဲ့အချက်တွေ ပြန်ထည့်ထားပြီး အားနည်းချက်တွေကို ပြင်ဆင်ထားသလို ability အသစ် gameplay ပုံစံအသစ်များစွာလည်း ပါဝင်တဲ့အတွက်ကြောင့် Prototype Biohazard
Bundle မှာ ပါဝင်ထားတဲ့  နှစ်ဂိမ်းလုံးကတော့ ဆော့လို့ ကောင်းတဲ့ Open World Action ဂိမ်းတွေ ဖြစ်ပါတယ်။