Windows 10 တွင် Cortana အား Enable ပြုလုပ်ခြင်း

ht3.jpg

Siri, Google Now တို့ကဲ့သို့ Microsoft Cortana ကို Windows 10 မှာ ထည့်သွင်းပေးထားပါတယ်။ Cortana Feature ဟာ Region တွေကိုလိုက်ပြီး အထောက်အပံ့မပေးတာမျိုး ကြုံတွေ့နေရတယ်ဆိုရင် Cortana ကို Enable ပြုလုပ်ဖို့အတွက် ဖော်ပြပါနည်းလမ်းအတိုင်း ပြုလုပ်လိုက်ရင် အလွယ်တကူနဲ့ Enable ပြုလုပ်ပေးနိုင်ပါတယ်။

Cortana ကို Enable ပြုလုပ်ဖို့အတွက် Start Menu ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Region & language Settings ဆိုတာကို ရိုက်ထည့်လိုက်ပါ။

ဒါဆိုရင် Region & language Settings box ကျလာမှာဖြစ်ပါတယ်။ ပြီးသွားရင် Country or region ဆိုတဲ့နေရာမှာ United states ဆိုတာကို ရွေးပေးရပါမယ်။

ရွေးပြီးသွားရင် Speech ဆိုတဲ့နေရာကိုသွားပါ။

ကိုယ်အသုံးပြုမယ့် ဘာသာစကားကို ရွေးချယ်ပေးရမှာ ဖြစ်တဲ့အတွက် English(United States) ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။

ရွေးချယ်ပြီးသွားပြီဆိုရင် အောက်ခြေမှာရှိတဲ့ Search box ကို နှိပ်လိုက်ပါ။ ဖော်ပြပေးထားတဲ့အတိုင်း အဆင့်လိုက် ပြုလုပ်သွားရမှာ ဖြစ်တဲ့အတွက် Next button ကို နှိပ်ပါ။

Cortana ကို အသုံးပြုမယ်ဆိုရင် Microsoft ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လက်ခံပေးရမှာဖြစ်တဲ့အတွက် I agree ဆိုတဲ့ button ကို နှိပ်ပီး ရှေ့ဆက်သွားရပါမယ်။

ပြီးသွားရင် ကိုယ့်ရဲ့ အမည်တစ်ခုကို ဖြည့်ပြီး Next ကို ထပ်နှိပ်ပါ။

အကယ်၍ Microsoft account မထည့်ထားရသေးဘူးဆိုရင် ဒီနေရာမှာ Microsoft account တစ်ခုကို ထည့်သွင်းပေးရမှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Microsoft account တစ်ခုနှင့် password ကို ဖြည့်သွင်းပေးရပါမယ်။ နောက်တစ်ဆင့်ကတော့ အကောင့်မှန်ကန်ကြောင်း ရှိ၊ မရှိ စစ်ဆေးတာ ဖြစ်တဲ့အတွက် verify code ကို Microsoft email ထဲကနေ သွားရောက်ရယူပြီး verification code ကို ဖြည့်သွင်းပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Cortana ကို Enable ပြုလုပ်ဖို့အတွက် Start Menu ကို နှိပ်လိုက်ပါ Cortana & Search settings ဆိုတာကို ရိုက်ထည့်လိုက်ရင် Cortana ကို Configuration ပြုလုပ်နိုင်ဖို့အတွက် settings ထဲကိုရောက်သွားရင် Hey Cortana ဆိုတဲ့နေရာမှာ On ပေးရမှာ ဖြစ်ပါတယ်။

ဒီအဆင့်တွေပြီးသွားပြီ ဆိုရင်တော့ Cortana ကို Enable ပြုလုပ်တဲ့လုပ်ငန်းစဉ်ဟာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။

Ref: maketecheasier