City & Guilds တာဝန်ရှိသူများ၏ အကြံပြု ပြောကြားချက်များ

C&T.jpg

ဒေါ်အိမျိုးဆွေ
Marketing Director
GALLANT Training Centre

City & Guilds အင်ဂျင်နီယာ ဒီပလိုမာ လက်မှတ်တွေဟာ ပြည်တွင်းပြည်ပ အလုပ်လျှောက်ထားရာတွင် ခိုင်မာတဲ့အတွက် အသက်မွေးဝမ်းကျောင်း ဒီပလိုမာလက်မှတ်ဖြစ်သလို အင်ဂျင်နီယာ ဘွဲ့ရတဲ့အထိ ပြည်ပနိုင်ငံများတွင် ကျောင်းဆက်လက်တက်ရောက်နိုင်သော ပေါင်းကူးလက်မှတ်ဖြစ်ပါတယ်။ City & Guilds အင်ဂျင်နီယာဒီပလိုမာ လက်မှတ်ဟာ အင်ဂျင်နီယာလိုင်း အမှတ်မမီခဲ့သူများနဲ့ အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းခွင်သို့ ဝင်ရောက်နေပြီး နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ် လိုအပ်နေသူများအတွက် အထူးသင့်လျောတဲ့ နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် ဖြစ်ပါတယ်။

ဦးကျော်စိုးမိုး
Principal
Glory Career Training Centre

City & Guilds က မြန်မာပြည်ရောက်တာ နှစ်နှစ်ဆယ်လောက်ရှိပြီ ခုနောက်ဆုံး City & Guilds ရဲ့ပြောင်းလဲလာတဲ့ အနေအထားမှာ အားသာချက်ကို ပြော ချင်ပါတယ်။ City & Guilds က အခု ၁ နှစ်၊ ၂ နှစ်လောက်ရှိပြီ သင်ရိုးညွှန်းတမ်းတွေ ပြောင်းလာတယ်။ မြန်မာပြည်အနေနဲ့ဆိုရင်တော့ သင်ရိုးညွှန်းတမ်း ပြောင်း တာ ၆ လ၊ ၁ နှစ် လောက်တော့ရှိပြီ နိုင်ငံခြားမှာတော့ ပြောင်းလိုက်တာကြာပြီ ပြောင်းလိုက်တဲ့ဟာမှာ သူကအကုန်လုံးကို ပြောင်းလိုက်တာ ဘာသာအားလုံး လိုလိုကို ပြောင်းလိုက်တာ အခုနောက်ဆုံး သင်ရိုးညွှန်းတမ်းက အရင်ဟာတွေထက်စာရင် တော်တော် ကောင်းလာတယ်။ တစ်နည်းပြောရရင်တော့ လုပ်ငန်းခွင်ထဲကို အံ့ဝင်ခွင်ကျ ဖြစ်လာတယ်။ သက်ဆိုင်တဲ့ အင်ဂျင်နီယာ ဘာသာရပ်အလိုက် လုပ်ငန်းခွင်ဝင်မယ့်သူတစ်ယောက် သိသင့်တဲ့ဟာမျိုးတွေ သူတို့နဲ့ ဆက်စပ်တဲ့ဟာမျိုးကိုပါ ထည့်လာတယ်။  City & Guilds ကို အခုတက်တဲ့ ကျောင်းသားတွေဟာ အဲဒီဘာသာရပ်အသစ်တွေ သင်ကြားရတဲ့အတွက် ကောင်းတဲ့
အချက်ဖြစ်တယ်။ ကျောင်းသားတွေအတွက် လိုအပ်မယ့်အချက်က အဲဒီဘာသာရပ် အသစ်တွေကို သင်ကြားရတဲ့အတွက် ပိုပြီးတော့ အားထုတ်ရတယ်။ တချို့ဘာသာရပ်တွေက အတွေ့အကြုံ မရှိဘူးဆိုတဲ့ ဘာသာရပ်တွေတောင်ပါတယ်။ သင်ကြားပေးတဲ့ ဆရာတွေလည်း ပိုပြီး အားထုတ် ရသလို ကျောင်းသားဟာလည်း City & Guilds က လွယ်လွယ်ကူကူနဲ့ ရနိုင်တဲ့ဟာမျိုးမဟုတ်ဘူးဆိုတာနဲ့ ကိုယ်ဘက်က တကယ် အားထုတ် မှရနိုင်တဲ့ဟာမျိုး ဖြစ်သွားတယ်။ အရင်တုန်းက သင်ရိုးညွှန်းတမ်း အဟောင်းတွေဆိုတော့ ကျောင်းသားအနေနဲ့ အောင်ဖို့ လွယ်ကူတယ်။ အခုဟာတော့ ကျောင်း
သားအနေနဲ့ ဘာသာရပ်တွေလည်း ပိုပြီးများလာသလို ပိုပြီး ကြိုးစားရသလို ပိုပြီးအားထုတ်ရတဲ့အတွက် ပိုခက်လာတယ်။ UK Education အနေ နဲ့ပြောရင် မြန်မာပြည်အနေနဲ့ အင်ဂျင်နီယာ ဘာသာ ၂ ခုဘဲရှိတယ်။ BTEC က ပေးတဲ့ HND လိုဟာမျိုးရယ် City & Guilds ကပေးတဲ့ဟာရယ် ဖြစ်ပါတယ်။ အဲဒီနှစ်ခုကို နှိုင်းယှဉ်ရင် City & Guilds ကတော့ ကုန်ကျစရိတ် သက်သက်သာသာနဲ့ သင်ကြားနိုင်တယ်။ City & Guilds ကတော့ အသက်မွေးဝမ်းကျောင်းကို ဦးတည်ပြီး သင်ကြားရတယ့် ဘာသာရပ်ဖြစ်တယ်။ ကျောင်းသားတွေအနေနဲ့လည်း လုပ်ငန်းခွင် ဝင်ရင်တိုက်ရိုက် အသုံးတည့်မှာ ဖြစ်တယ်။

ဦးအေးမင်းမင်း
Principal
AKI School of Engineering

လူငယ်တွေအတွက် အလုပ်အကိုင် ရရှိဖို့ အရေးကြီးပါတယ်။ အလုပ်ရှိမှသာ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး မိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ ပိုမိုကောင်းမွန်တဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်ဖို့ အခွင့်အလမ်း ရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ရဖို့အတွက် တိုက်ရိုက် အသုံးချလို့ရတဲ့ အသက်မွေးမှု အတတ်ပညာ တစ်ခုခုကိုတတ်မြောက်ထားသင့်ပါတယ်။ ကျွမ်းကျင်တတ်မြောက်မှုကို အသိအမှတ်ပြုပေးနိုင်တဲ့ အရည်အသွေးရှိ Certificate တစ်ခုခုကို ရယူထားရင်တော့ နိုင်ငံတကာ ကုမ္ပဏီတွေမှာ အလုပ်လုပ်တဲ့အခါ ပိုပြီး အဆင်ပြေမှာဖြစ်ပါတယ်။ စနစ်တကျ လေ့လာသင်ယူခြင်းနှင့် မှတ်ကျောက်တင် စစ်ဆေးခံနိုင်ခြင်းဟာ professional တစ်ယောက် ဖြစ်လာဖို့အတွက် လမ်းစပဲ ဖြစ်ပါတယ်။

ကျောင်းသားများ၏ ပြောကြားချက်များ

ကိုသန်းထိုက်အောင်ကျော်
M & E Engineer (Site Coordinator)
Shimizu Corporation Singapore

English Major နဲ့ ဘွဲ့ ရထားတဲ့ ကျွန်တော်အတွက် Engineer တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့အတွက် ကိုယ့်ဝါသနာနဲ့လည်း ကိုက်ညီတဲ့ Mechanical
ဘာသာရပ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ စာတွေ့လက်တွေ့ကို Semester ( ၂ ) ခုခွဲပြီး သင်ကြားရပါတယ်။ လက်တွေ့ ဘာသာရပ်တွေကို Assignment တင်ရတာဖြစ်ပြီး စာတွေ့ဘာသာရပ်တွေကိုတော့ British Council exam service က စစ်ဆေးတဲ့ စာမေးပွဲကို ဝင်ရောက် ဖြေဆိုရပါတယ်။ သတ်မှတ်ထားတဲ့ ဘာသာရပ်အားလုံး အောင်မြင်ရင်တော့ City & Guilds Institute (UK) ကပေးအပ်တဲ့ Engineering Diploma ကို ရရှိမှာဖြစ်ပါတယ်။ ကျွန်တော်တက်တဲ့ Mechanical Diploma ဆိုရင် စာတွေ့ ၃ ဘာသာနဲ့ လက်တွေ့ ၃ ဘာသာ သင်ကြား ဖြေဆိုရပါတယ်။ ဆရာတွေရဲ့ သင်ကြားပို့ချမှုကို ဂရုတစိုက်လိုက်နာပြီး မိမိကိုယ်တိုင်ကလည်း မိမိဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အထွေထွေဗဟုသုတတွေကို Selfstudy အနေနဲ့ကြိုးစား လေ့လာခဲ့ပါတယ်။ ဒါကြောင့် အလုပ်ဝင်တဲ့ အခါရှိလာတဲ့ အခက်အခဲတွေကို ဖြတ်ကျော်နိုင်ခဲ့တာပါ။ ကျွန်တော် Diploma ရပြီး စင်ကာပူမှာ အလုပ်သွားရှာပါတယ်။ ပထမဆုံး GDS Engineering Pte Ltd မှာ (Technician ) အနေနဲ့ အလုပ်ရပါတယ်။ အဲဒီမှာ ကျွန်တော် အလုပ်လုပ်ရင်း စင်ကာပူမှာရှိတဲ့ BCA Academy မှာ M & E Specialist Diploma ထပ်တက်ပါ တယ်။ နောက် ကျွန်တော် Hytech Builder Pte Ltd မှာ (M & E Coordinator) အဖြစ်နဲ့ တစ်နှစ်ခွဲလုပ်ပြီးခု လက်ရှိ Shimizu Corporation မှာ (M&E Engineer) အနေနဲ့ လုပ်နေပါတယ်။ City & Guilds (UK) ပညာရေးအဖွဲ့အစည်းက သင်ကြားချမှတ်ထားတဲ့ ဘာသာရပ်တွေ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ အသက်မွေးဝမ်းကျောင်းပညာရပ်တွေအဖြစ် အသိအမှတ်ပြုပါတယ်။ စင်ကာပူမှာဆိုရင် ကျွန်တော်တို့လို ရိုးရိုး ဘွဲ့ရတွေအနေနဲ့ အင်ဂျင်နီယာတယောက်အဖြစ် ပါမစ်တင်မယ်ဆိုရင် Engineering နဲ့ သက်ဆိုင်တဲ့ပညာ အရည်အချင်း အထောက်အထားတခု မဖြစ်မနေ လိုအပ်ပါတယ်။ အဓိက ပြောချင်တာကတော့ ဘယ်လက်မှတ်မဆို ထိုက်သင့်တဲ့ အသိအမှတ်ပြုမှု၊ ထိုက်သင့်တဲ့လုပ်ငန်း အတွေ့အကြုံ လိုအပ်တာကြောင့် မိမိ ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းခွင်ကို ဝင်ရောက် လုပ်ကိုင်ပါလို့ ပြောချင်ပါတယ်။

ကိုကျော်ကျော်မောင်
Dip in Mechanical &
Electrical Engineering (Level-3)
Glory Career Training Centre

အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခုနဲ့ ကိုယ်ပိုင်လုပ်ငန်းထူထောင်ချင်သူတွေ၊ ကုမ္ပဏီကြီးတွေမှာ ကျွမ်းကျင်ပညာရှင်အဖြစ် ဝင်ရောက်လုပ်ချင်သူတွေ၊ အင်ဂျင်နီယာဘာသာရပ်တွေကို စာတွေ့သာမက လက်တွေ့ပိုင်းကိုလည်း လေ့ကျင့်သင်ယူနိုင်မည့် ဘာသာရပ်များ ဖြစ်တယ်။ ပြည်တွင်းသာမက ပြည်ပနိုင်ငံ များတွင်လည်း အလုပ်ရရှိရန် မခက်ခဲတဲ့ ဘာသာရပ်တွေလည်းဖြစ်တယ်။ အရင်ထဲက Mechanical ကို ဝါသနာပါတာ ရယ်နဲ့ စက်ပိုင်းဆိုင်ရာ တွေကို အသုံးပြုရတာကို စိတ်ဝင်စား ရယ်ကြောင့်ဒီဘာသာရပ်ကို ရွေးချယ်တက်ခဲ့ပါတယ်။ ပြီးတော့ City & Guilds ကပေးတဲ့ ဒီပလိုမာ ကိုလည်း ရတယ် အလုပ်ရဖို့လဲ မခက်ခဲတာကြောင့်နဲ့ ကိုယ်ဝါသနာကိုလည်း အသုံးပြုရတယ့်အတွက် အဆင်ပြေပါတယ်။  ဒီနေရာမှာ ရပ်နေစရာမလိုဘဲ အလုပ်လုပ်နေရင်းလည်း သင်တန်းတွေကို ဆက်တက်နိုင်ပါတယ်။