Ubuntu OS တွင် ARChon ကိုအသုံးပြု၍ Android App များကို အသုံးပြုခြင်း

chromeos-apk-extensions.jpg

Ubuntu OS အသုံးပြုသူတွေ အနေနဲ့ Android app တွေကို Ubuntu OS ပေါ်မှာတင် ထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းများအတိုင်း ပြုလုပ်ကာ အသုံးပြုနိုင်ပါတယ်။ Android app တွေကို ထည့်သွင်းအသုံးပြုဖို့အတွက် Chrome ကိုအရင်ဆုံး ထည့်သွင်းထားရပါမယ်။ Chrome ကို ထည့်သွင်းဖို့အတွက် အောက်ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ပေးရပါမယ်။

wget -q -O – https://dl-

ssl.google.com/linux/linux_signing_key.pub | sudo apt-key add –

sudosh -c ‘echo “deb http://dl.google.com/linux/chrome/deb/ stable main” >>

/etc/apt/sources.list.d/google-chrome.list’

ပြီးသွားရင် Update ပြုလုပ်ပေးရမှာ ဖြစ်တဲ့အတွက် sudo apt-get update ဆိုတဲ့ command ကိုအသုံးပြုရပါမယ်။ Update

ပြုလုပ်ပြီးရင် Chrome ကို ထည့်သွင်းဖို့အတွက် sudo apt-get install google-chrome-unstable ဆိုတဲ့ command ကိုသုံးပြီး Chrome ကို Install ပြုလုပ်လိုက်ပါ။ ARChon ကိုထည့်သွင်းဖို့အတွက် Installer ဖိုင်ကို Download ပြုလုပ်ရပါမယ်။ 32bit သမားများအတွက်ကတော့ https://goo.gl/7VVyACဆိုတဲ့ download link မှာ Download ပြုလုပ်နိုင်မှာဖြစ်ပြီး 64bit သမားများ အတွက်ကတော့ https://goo.gl/AXsBxfဆိုတဲ့ download link မှာ download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

အထက်ပါ Zip ဖိုင်တွေကို download ပြုလုပ်ပြီးရင် Terminal မှာ unzip ARChon-v1.1-x86_32.zip ~/ ဆိုတဲ့ command အသုံးပြုပြီး 32bit ဖိုင်ကို unzip ပြုလုပ်နိုင်ပါတယ်။ 64bit သမားတွေကတော့ unzip ARChon-v1.1-x86_64.zip ~/ ဆိုပြီး Zip ဖိုင်နာမည်ကို ထည့်သွင်းပြီး zip ဖြည်ရပါမယ်။ ပြီးသွားရင် အဆိုပါ unzip ပြုလုပ်ထားတဲ့ဖိုင်ကို ~/Home အောက်ကို ရွှေ့ထားပေးပါ။ အဆိုပါ ဖိုင်တွေကို Chrome Extension ထဲကို ထည့်ရန်အတွက် Chrome browser ကိုဖွင့်လိုက်ပါ။ ပြီးသွားရင် Tools ထဲက Settings ကို ရွေးချယ်လိုက်ပါ။ Settings ထဲရောက်သွားရင် Extensions ဆိုတာကို ရွေးပေးရပါမယ်။ ဒီနေရာမှာ download ပြုလုပ်ထားတဲ့ extension ကိုထည့်သွင်းမှာ ဖြစ်တဲ့အတွက် ညာဘက်အပေါ်ထောင့် နားလေးမှာရှိတဲ့ developer mode ဆိုတဲ့နေရာမှာ အမှန်ခြစ်ထည့်ရပါမယ်။ အမှန်ခြစ်ထည့်လိုက်ရင် ဘယ်ဘက်မှာ Load unpacked extensions ဆိုတဲ့ button ကို တွေ့ရမှာဖြစ်ပြီး အဆိုပါ button ကိုနှိပ်ကာ download ပြုလုပ်ထားတဲ့ ဖိုင်ကိုဆွဲထည့် ပေးရပါမယ်။ ဒါဆိုရင်တော့ ARChon ကိုထည့်သွင်းတဲ့ နည်းပြီးသွားပြီ ဖြစ်ပါတယ်။ Manual နည်းနဲ့ ထည့်သွင်းနိုင်တဲ့ နည်းလမ်းရှိသေးပေမယ့် ထောက်ခံချက် မပေးထားတဲ့အတွက် အထက်ပါ နည်းလမ်းအတိုင်း အလွယ်တကူနဲ့ ပြုလုပ်နိုင်ပါတယ်။