
iTunes အသုံးပြုသူများ အနေနဲ့ တစ်ခါတစ်ရံမှာ ကိုယ်လိုချင်တဲ့ app တွေဟာ လက်ရှိကိုယ်အသုံးပြုနေတဲ့ store မှာ မရှိဘူးဆိုရင် အဆိုပါ app ကိုရယူဖို့အတွက် အခက်အခဲ ဖြစ်စေမှာပါ။ App အားလုံးဟာလည်း အကုန်လုံးတူညီနိုင်မှာ မဟုတ်ဘဲ တချို့ app တွေဟာ US store အတွက် ရည်ရွယ်ထားတဲ့ app တွေဖြစ်ပြီး အချို့သော app တွေဟာလည်း သက်ဆိုင်ရာနိုင်ငံရဲ့ store တွေအတွက် ရည်ရွယ်ပြီး developer တွေကို ထုတ်လုပ်ပေးထားပါတယ်။
အကယ်၍ သင်ဟာလက်ရှိ US store ဒါမှမဟုတ် တခြား store ကို အသုံးပြုနေရာမှ အခြားသော store မှ app တစ်ခုကို ရယူချင်တယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ ကိုယ်အသုံးပြုနေကျ store မှမဟုတ်ဘဲ အခြားသော store တစ်ခုခုမှ app များကို ရယူလိုတယ်ဆိုရင် အဆိုပါ store နဲ့သက်ဆိုင်တဲ့ အခြားသော Apple ID တစ်ခုကို ထပ်မံပြုလုပ်ရမှာ ဖြစ်ပါတယ်။
Apple ID တစ်ခုကို ပြုလုပ်ဖို့အတွက် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ ပထမဆုံး လက်ရှိဝင်ထားတဲ့ Apple ID ကို iCloud ကနေ ထွက်ရပါမယ်။ iCloud ကနေထွက်ဖို့အတွက် Settings ထဲကိုသွားပါ။ ပြီးသွားရင် iCloud ဆိုတာကို နှိပ်ရပါမယ်။ iCloud ကို နှိပ်ပြီးရင် အောက်ဘက်အဆုံးထိ ဆွဲချပြီးကြည့်လိုက်ပါ။ Sign Out ဆိုတဲ့ button ကို တွေ့မြင်ရပါလိမ့်မယ်။ အဆိုပါ ခလုတ်ကိုနှိပ်ပြီး iCloud ကနေ Apple ID ကိုထွက်နိုင်ပါတယ်။ ဒီအချိန်မှာ iCloud ကနေ ထွက်လိုက်ပြီဖြစ်တဲ့အတွက် ကိုယ့်ဖုန်းထဲမှာ ဓာတ်ပုံနဲ့ အခြားသော document တွေ ကျန်ရှိတော့မှာ မဟုတ်ပါဘူး။
Apple ID တစ်ခုကို iPhone, iPad တို့ပေါ်ကနေ စတင်ပြုလုပ်မယ်ဆိုရင် Settings ကိုနှိပ်လိုက်ပါ။ ပြီးသွားရင် iCloud ဆိုတာကို ရွေးချယ်ပါ။ iCloud ကိုရောက်ရင် Create a new Apple ID ဆိုတာကို နှိပ်ရပါမယ်။ ဒီနေရာမှာ Apple ID အသစ်ကို ပြုလုပ်ပြီဆိုရင် ယခင်အီးမေးလ်နဲ့ မတူတဲ့ email ကိုထည့်သွင်း အသုံးပြုရပါမယ်။ ပြီးသွားရင် သတ်မှတ်ထားတဲ့အတိုင်း မွေးသက္ကရာဇ်၊ လိပ်စာ၊ လုံခြုံရေး မေးခွန်းသုံးခုကို ထည့်သွင်းပြီး ကိုယ့်ရဲ့ Secondry email တွေကိုပါ ထည့်သွင်းပေးရပါမယ်။
ပြီးသွားရင်တော့ အဆိုပါ Apple ID မှာသုံးစွဲမယ့် First Name, Last Name နဲ့အဆိုပါ သုံးစွဲမယ့်နိုင်ငံရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို ဖြည့်ပေးရပါမယ်။ ဒီနေရာမှာ လိပ်စာနဲ့ ဖုန်းနံပါတ်တွေ မရှိပါက google ကနေ ကိုယ်အသုံးပြုမယ့် နိုင်ငံတစ်ခုခုရဲ့ ဟိုတယ်နံပါတ်တွေ၊ လိပ်စာတွေကို ထည့်သွင်းပေးတာက အလွယ်ကူဆုံး ဖြေရှင်းနည်း ဖြစ်ပါတယ်။
ကိုယ်အသုံးပြုချင်တဲ့ Store ကို ပြောင်းလဲပြီးပြီဆိုရင်တော့ app တွေကို ငွေပေးချေဖို့အတွက် Paymet တွေကို ရွေးချယ်ရမယ့် နေရာကို ရောက်ပါလိမ့်မယ်။ ဒီနေရာမှာ အခမဲ့အသုံးပြုမယ့် ID ဖြစ်တဲ့အတွက် None ဆိုတာကို ရွေးချယ်ပေးရပါမယ်။
အထက်ပါအဆင့်တွေ ပြီးသွားပြီဆိုရင် အကောင့်ကို အီးမေးလ်လိပ်စာထဲမှာ သွားရောက်ပြီး Verify ပြုလုပ်ရပါမယ်။ Verify ပြုလုပ်တဲ့ အဆင့်ပြီးသွားပြီ ဆိုရင်တော့ ကိုယ်အသုံးပြုချင်တဲ့ app ရှိတဲ့ store ရဲ့တိုင်းပြည်ကို ရွေးပေးရပါမယ်။
Apple ID ကို ဖန်တီးပြီးသွားရင် iCloud မှာ ကိုယ်ဖန်တီးထားတဲ့ Apple ID ဒုတိယအကောင့်ကို ထည့်သွင်းလိုက်ရပါမယ်။ ပြီးသွားမှ ကိုယ်လိုချင်တဲ့ app ရှိတဲ့ store ဟုတ်မဟုတ်ကို စစ်ဆေးပြီး အဆိုပါ app ကိုရယူနိုင်ပါပြီ။