Apple ထုတ်ကုန်များကို တစ်နေရာတည်းတွင် ဝယ်ယူနိုင်မည်

IMG_6338.gif

Apple တံဆိပ် Smart Phone, Tablet PC, Macbook, All-in-One PC စသည့် Apple ထုတ်ကုန်များနှင့် ဆက်စပ်ပစ္စည်းများကို ဝယ်ယူနိုင်မည့် AiKON Professional Apple Care ဆိုင်သစ်ကို အမှတ် – ၅၂၊  ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်တွင် ထပ်မံဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ထို့ပြင် ဆားဗစ်အနေဖြင့် SMD Rework စက်များအသုံးပြုကာ Apple ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲဆားဗစ်များကိုလည်း ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ဆိုင်မှာ Apple Products အစုံကို ရောင်းချပေးမှာပါ။ ဆိုင် စတင်ဖွင့်တဲ့ အထိမ်းအမှတ် အဖြစ် ဒီနေ့ကစပြီး တစ်လတိတိဆိုင်မှာ ကျပ်တစ်သောင်းခွဲနှင့်အထက် ဝယ်ယူအားပေးရင် ကျပ်သုံးသောင်းခွဲတန် AiKON member ကတ်တွေအခမဲ့ရမယ်။ နောက်ပြီးဆိုင်က ဘယ်ပစ္စည်းပဲဝယ်ဝယ်၊ ဆားဗစ်ပဲလုပ်လုပ် ပထမဦးဆုံး လာဝယ်တဲ့သူနဲ့ ဆားဗစ်လာလုပ်တဲ့သူ အယောက် ၅၀ ကို AiKON တီရှပ်နဲ့ Ooredoo ဆင်းမ်ကတ်တွေ မေတ္တာလက်ဆောင်အနေနဲ့ လဲပေးသွားဖို့ရှိတယ်” ဟု AiKON မှ ကိုမျိုးသူကပြောသည်။

ယခုထပ်မံဖွင့်လှစ်သည့် ဆိုင်သည် AiKON ၏ စတုတ္ထမြောက်ဆိုင်ခွဲဖြစ်ပြီး AiKON မန်ဘာများအနေဖြင့် iOS ဆော့ဖ်ဝဲနှင့် ဂိမ်းများကို အခမဲ့ထည့်သွင်းနိုင်မည့်အပြင် ဆားဗစ်လက်ခ အခမဲ့နှင့် အပိုပစ္စည်း တပ်ဆင်လဲလှယ်ခ တန်ဖိုး၏ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထိ လျော့ဈေးဖြင့်ပြုပြင် နိုင်မည်ဖြစ်ကြောင်း သိရသည်။