Alphabet ဟု အမည်ရသည့် ကုမ္ပဏီသစ်ကို Google ပြန်လည်ဖွဲ့စည်း

alphabet-SH-npr-2015aug13-.jpg

Google တွဲဖက်တည်ထောင်သူ အမှုဆောင်အရာရှိချုပ် လယ်ရီပေ့ခ်ျနှင့် ဆာဂျီဘရင်းတို့သည် ၎င်း၏လုပ်ငန်းများကို Alphabet ကုမ္ပဏီ လက်အောက်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဌာနများကို ခွဲခြားခဲ့သည်။

အဆိုပါ ကုမ္ပဏီလက်ခွဲများစွာ ပါဝင်သော ကုမ္ပဏီကြီးသည် ယခင် Google ကို ကျစ်လစ်မှုရှိအောင် ပြုလုပ်ခြင်း ဖြစ်သည်။ ကုမ္ပဏီတည်ထောင်သူ လယ်ရီပေ့ခ်ျ၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သူ ဆန်းဒါပီချိုင်းသည် Google ၏အမှုဆောင် အရာရှိချုပ် ဖြစ်လာမည် ဖြစ်သည်။ “ဆာဂျီဘရင်းနဲ့ ကျွန်တော် အရာအသစ်တွေ စတင်မယ့် လုပ်ငန်းထဲမှာ ရောက်နေပါတယ်။ ကြီးမားတဲ့ တိုးတက်မှု ဧရိယာ တစ်ခုဆီ မောင်းနှင်မယ့် တော်လှန်တဲ့ စိတ်ကူးသစ်တွေရှိရာ နည်းပညာ လုပ်ငန်းထဲမှာ ဆီလျော်စွာ နေထိုင်ဖို့ဆိုတာ အနည်းငယ် သက်တောင့်သက်သာ မဖြစ်ဖို့တော့ လိုအပ်ပါတယ်”ဟု 980-word blog post တွင်ပေ့ခ်ျက ရေးသားခဲ့သည်။ ဆက်လက်ပြီး “ယနေ့ကျွန်တော် ကုမ္ပဏီက အခြေအနေကောင်းမှာ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကုမ္ပဏီကျစ်လစ်ပြီး တာဝန်ခံမှုရှိအောင် လုပ်နိုင်သေးတယ်လို့ ထင်ပါတယ်။ ဒါကြောင့်ပဲ Alphabet လို့အမည်ရတဲ့ ကုမ္ပဏီသစ်ကို ဖန်တီးတာပါ။ ကျွန်တော်အနေနဲ့ Alphabet ကုမ္ပဏီဥက္ကဋ္ဌ  ဆာဂျီးက အကူအညီနဲ့ အမှုဆောင် အရာရှိချုပ်နေရာမှာ ဝင်ရောက်လုပ်ကိုင်ရမှာကို  အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်”ဟု ပေ့ခ်ျက  ရေးသားထားသည်။

Alphabet ကုမ္ပဏီ၏ လက်အောက်တွင် Google, ကုမ္ပဏီသုတေသန ကုမ္ပဏီ Google X, လူ့သက်တမ်း ရှည်ကြာစေရန် သုတေသန ပြုလုပ်နေသော Calico, ဆီးချိုဝေဒနာ ရှင်များအတွက် စမတ်မျက်မှန်ကပ်ကဲ့သို့ စီမံကိန်းများ ဖန်တီးသည့် Life Sciences တို့ပါဝင်လာသည်။ ဗွီဒီယိုဝန်ဆောင်မှု YouTube နှင့်မိုဘိုင်း operating system လုပ်ငန်း Android တို့သည် Google ၏ အစိတ်အပိုင်းအဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။ လယ်ရီပေ့ခ်ျနှင့် ဆာဂျီဘရင်းတို့သည် အမှုဆောင် အရာရှိချုပ် ခန့်အပ်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ခြင်း အစရှိသည့် ငွေကြေးကိစ္စများကို စိစစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အပြောင်းအလဲသည် ပြီးခဲ့သည့်နှစ်က Google တွင် တာဝန်များစွာ ယူခဲ့သော ပီချိုင်းအတွက် အထောက်အပံ့ တစ်ခုဖြစ်လာသည်။ ပေ့ခ်ျအနေဖြင့် Google ၏အနာဂတ်ကို အာရုံစိုက်ရန် ကုမ္ပဏီတွင် နေ့စဉ်တာဝန်ယူမှုကို အနည်းငယ်သာ ပြုလုပ်ပြီး ထုတ်ကုန်အများစု၏ လုပ်ငန်းပိုင်းကို ပီချိုင်းထံသို့ လွှဲအပ်သွားမည် ဖြစ်သည်။ အဆိုပါ ထုတ်ကုန်အများစုတွင် Google ၏အရေးကြီးဆုံး ထုတ်ကုန်များဖြစ်သော search, maps နှင့် Android တို့ပါဝင်ပြီး အသစ်ဖွဲ့စည်းလိုက်သော ကုမ္ပဏီအနေဖြင့် အဓိက ထုတ်ကုန်များကို အာရုံစိုက် လုပ်ကိုင်သွားမည် ဖြစ်သည်။

Ref : CNET