CCNA ဘာသာရပ်တွင် အမှတ် ၁,၀၀၀ ဖြင့် အောင်မြင်ခဲ့သော ကိုစည်သူထွန်း၏ Student Life

1.jpg

ဒီအပတ်မှာတော့ CCNA ဘာသာရပ်မှာ အမှတ် ၁,၀၀၀ နဲ့အောင်မြင်ခဲ့တဲ့ ကိုစည်သူထွန်းရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

အမည်လေး သိပါရစေ။

ကျွန်တော့်နာမည် ကိုစည်သူထွန်းဖြစ်ပါတယ်။

CCNA ဘာသာရပ်မှာ အမှတ် ၁,၀၀၀ နဲ့ အောင်မြင်ခဲ့တယ်လို့သိရပါတယ်။ ဒီလိုရအောင် ဘယ်လိုကြိုးစားခဲ့ရသလဲ။

သင်တန်းကဆရာတွေပေးတဲ့ မေးခွန်းဟောင်းတွေကို ခဏခဏ လေ့ကျင့်ပါတယ်။ Simulation တွေကို သင်တန်းကဆရာတွေ ပေးထားတဲ့အတိုင်း Packet Tracer နဲ့ လေ့ကျင့်ပါတယ်။ ဆရာတွေညွှန်ကြားတဲ့ အတိုင်း တစ်နေ့စာတစ်နေ့ မှန်မှန်နဲ့ Practical Lab တွေကို Packet Tracer နဲ့ GNS 3 ကိုသုံးပြီး ပုံမှန်လေ့ကျင့်ပါတယ်။ Theory တွေကိုလည်း သေချာပြန်ကြည့်ထားပါတယ်။ အဲဒါတွေကြောင့် အခုစာမေးပွဲမှာ အမှတ် ၁,၀၀၀ နဲ့ အောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီဘာသာရပ်ကိုရော ဘာကြောင့်တက်ဖြစ်တာလဲ။

ဒီ Cisco အောင်လက်မှတ်တွေဆိုတာ နိုင်ငံတကာကနေမှ အသိအမှတ်ပြုတဲ့ လက်မှတ်တွေလည်းဖြစ်တယ်။ အလုပ်အကိုင်အခွင့်အလမ်းလည်း ပေါများတယ်။ ဒီ Cisco အောင်လက်မှတ်တွေဟာဆိုရင် Micro-soft တို့ Linux တို့နဲ့မတူဘဲ Computer Network ရှိတဲ့နေရာတိုင်းမှာ အလုပ်ရနိုင်တယ်။ နောက်ပြီး ကျွန်တော် ကိုယ်တိုင်ကလည်း ဒီ Cisco နည်းပညာတွေကို စိတ်ဝင်စားတာရယ်ကြောင့် တက်ဖြစ်ခြင်းဖြစ်ပါတယ်။

ဒီဘာသာရပ်နဲ့ဆက်နွှယ်တဲ့ နောက်ထပ်ဘာသာရပ်တွေကို ထပ်ပြီးလေ့လာဖို့ရှိသလား။

ဟုတ်ကဲ့ရှိပါတယ်။ CCNP တော့ ဆက်တက်ဖို့စိတ်ကူးထားတယ်။

CCNA ဘာသာရပ်မှာ အမှတ် ၁,၀၀၀ ရရှိခဲ့တဲ့အတွက် ဘယ်လိုခံစားရသလဲ။

CCNA စာမေးပွဲမှာ အမှတ် ၁,၀၀၀ အပြည့်ရတဲ့အတွက် တော်တော်ပျော်ပါတယ်။ ပြီးတော့ YOUTH Computer ကနေမှ CCNA စာမေးပွဲမှာ အမှတ် ၁,၀၀၀ ရတဲ့ကျောင်းသားတွေကို Cisco တံဆိပ်ပါတဲ့ Ball Pen ကို ဆုချီးမြှင့်ပေးတယ်ဆိုတော့ ပိုပြီးတော့ပျော်ပါတယ်။

CCNA နဲ့ပတ်သက်တဲ့ သင်ကြားမှုပုံစံကိုလည်း ပြောပြပေးပါဦး။

CNNA ဘာသာရပ်ကို Lecture ပိုင်း၊ Lab ပိုင်းနှင့် လက်တွေ့ပိုင်းအနေဖြင့် ခွဲပြီးသင်ကြားပေးပါတယ်။ ဆရာတွေရဲ့ Lecture ပိုင်းသင်ကြားမှုရော၊ Labအတွက် Packet Tracer၊ GNS3 ကိုအသုံးချပြီး သေချာ သင်ကြားပေးခဲ့တဲ့အတွက် Lab ခန်းမှာ Switch တွေ၊ Router တွေနဲ့ ပြန်ပြီးလေ့ကျင့်တဲ့အခါ မစိမ်းတော့ဘဲ Lab Practical လုပ်ရတာအဆင်ပြေမှာဖြစ်ပါတယ်။ သင်တန်းပြီးသွားပြီဆိုရင်တော့ YOUTH Computer Test Center မှာ ဖြေလို့ရပါတယ်။ မဖြေခင်မှာ Exam အတွက် ကတော့ သက်ဆိုင်ရာဆရာတွေဆီမှာ Pre-Test ကို ၂ ကြိမ်ဖြေဆိုရပါတယ်။ အဲဒီမှာ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်မှာသာလျှင် CCNA Exam ကိုဝင်ရောက်ဖြေဆိုခွင့်ပေးပါတယ်။

CCNA နဲ့ပတ်သက်ပြီး လေ့လာချင်တဲ့ကျောင်းသားတွေအတွက် အကြံပြုစကားပြောပေးပါဦး။

CCNA ဘာသာရပ်ကို လေ့လာချင်တယ်၊ စိတ်ဝင်စားတယ်ဆိုရင်တော့ အရင်ဆုံး Network Engineer သင်တန်းကို အရင်ဆုံး တက်ထားသင့်ပါတယ်။ ပြီးရင်တော့ CCNA သင်တန်းကိုဆက်တက်ပြီး Cisco နည်းပညာတွေကို လေ့လာသင်ယူနိုင်ပါတယ်။ Cisco နည်းပညာတွေကို လေ့လာတဲ့အခါမှာ ဒီ CCNA ဘာသာရပ်ကနေပြီး စတင်လေ့လာရမှာ ဖြစ်ပါတယ်။ သင်တန်းတက်ပြီးတော့ Theories, Configurations နဲ့ LAB တွေကို ပုံမှန်လုပ်ပြီးရင် စာမေးပွဲဝင်ဖြေရမှာဖြစ်ပါတယ်။ ပြီးတော့ မှနောက်တစ်ဆင့် CCNP ကို ဆက်တက်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး တဖြည်းဖြည်းချင်း ပုံမှန်လေးလေ့လာသွားနိုင်ပါတယ်။   နောက်ဆုံးအကြံပေးချင်တာက ကိုယ်ဝါသနာပါတဲ့ Field  မှာလမ်းကြောင်းမှန်ကန်စွာ ရွေးချယ်နိုင်ရင်၊ ကြိုးစားရင် ဘယ်သူမဆိုအောင်မြင်မှာပါလို့ပြောချင်ပါတယ်။

ဒီဘာသာရပ်ပြီးမြောက်တဲ့အခါ ဘယ်လိုဘာသာရပ်တွေကို ဆက်ပြီး လေ့လာသင့်သလဲ။

CCNA ပြီးရင်တော့ CCNP, Security, Data Center, Voice,Wireless စသည့်ဘာသာရပ်များကို ဆက်လက်လေ့လာသင်ယူနိုင်ပါတယ်။ အဲဒီအထဲကနေမှ ကိုယ်အားသန်ရာ၊ ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်ပိုင်းတွေကို ဆက်လေ့လာသင့်ပါတယ်။