2 in 1 Bluetooth Speaker

BluetoothSpeaker-AA-Nadi-Poduct-2015Aug-3.jpg

ကြိုးမဲ့စနစ် Bluetooth ကို အသုံးပြု ထားပြီး Bluetooth စနစ်ပါဝင်သော မည်သည့် ပစ္စည်းဖြင့်မဆို ချိတ်ဆက် အသုံးပြုနိုင်သော စားပွဲတင် Speaker ငယ် ဖြစ်သည်။
အရွယ်အစား သေးငယ်သော်လည်း အသံထွက် အရည်အသွေး အထူးကောင်းမွန်သည့် Stereo စနစ် 2.1 ဖြစ်သည့်အတွက် အသုံးပြုသူများကို စိတ်တိုင်းကျစေနိုင်မည်ဟု သိရသည်။ Bluetooth စနစ်ဖြင့် ချိတ်ဆက်ပြီး သီချင်းများကို နားဆင်နိုင်သည့်အပြင် ဖုန်းအဝင်၊ အထွက်ကိုလည်း လက်ခံနိုင်သည့်အတွက် ပို၍အဆင်ပြေစေမည် ဖြစ်သည်။ ရှစ်နာရီအထက် ဆက်တိုက် အသုံးပြုနိုင်မည့် High Quality Lithium battery ကို ထည့်သွင်း အသုံးပြုထားပြီး USB Port ဖြင့် အားပြန် သွင်းရမည် ဖြစ်သည်။ USB Stick ဖြင့်လည်း ချိတ်ဆက် အသုံးပြုနိုင်သည်။ Bluetooth Version 3.0 ဖြစ်ပြီး ၁၀ မီတာ ပတ်လည်အတွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ Laptop, Desktop, PSP, Game စသည်တို့ဖြင့်လည်း ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ၁၅,ဝဝဝ ကျပ် ဝန်းကျင်ဖြစ်ပြီး နဒီ Mobile ဖုန်း ၀၉-၉၇၄၉၉၉၀၀၇ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။