Baidu ၏ စမတ်စက်ဘီး feature များထွက်ပေါ်လာ

dubike-handlebar-nav.jpg
ပြီးခဲ့သည့်လက Baidu ၏ စမတ်စက်ဘီး ဓာတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက် ယခုအခါအ ဆိုပါစမတ် စက်ဘီး၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဒီဇိုင်းဓာတ်ပုံ သစ်များနှင့် feature အချို့ထွက်ပေါ် လာခဲ့သည်။
DuBike ဟုခေါ်သော Baidu ၏ စမတ်စက်ဘီးတွင် ကျန်းမာရေးစနစ်ကို ခြေရာခံပေးနိုင်သည့် sensor များနှင့်အတူ app တစ်ခုပေါင်းစပ် ပါဝင်သည်။ စက်ဘီးလက်ကိုင်ပေါ်တွင် အလွန်ကောင်းမွန်သည့် လမ်းညွှန်စနစ် တစ်ခုပါဝင်ပြီး ၎င်းသည်ကွေ့ရမည့် လမ်းကြောတွင် အချက်ပြပေးမည် ဖြစ်သည်။ ထို့အတွက် အဆိုပါ စမတ်စက်ဘီး စီးနင်းသူအနေဖြင့် သေးငယ်သည့် စမတ်ဖုန်း screen ကိုကြည့်ရန် မလိုအပ်တော့ပေ။ထို့အပြင် ဘရိတ်မီးများ ပါဝင်ပြီး on-board အီလက်ထရွန်နစ် များကိုလည်း စက်ဘီးကို နင်းနေချိန်တွင် အားသွင်းပေးသောကြောင့် plug တွင် တပ်ဆင်ပြီး အားသွင်းရန် မလိုအပ်ပေ။
တရုတ်နိုင်ငံတွင် စက်ဘီးခိုးယူ ခံရခြင်းသည် စိုးရိမ်စရာ ကိစ္စတစ်ရပ် ဖြစ်သော်လည်း DuBike တွင် အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်သည့် အချက်အား ထည့်သွင်းပေးထားသည်။ ၎င်းစမတ် စက်ဘီးကို ပိုင်ဆိုင်သူများသည် app အသုံးပြုပြီး စက်ဘီး၏ တည်နေရာကို မည်သည့် အချိန်တွင်မဆို သိရှိနိုင်သလို ခိုးယူခြင်းခံရသည့် အခါတွင်လည်း ရဲလက်ထံစက်ဘီး တည်နေရာကို အသိပေးရုံဖြင့် တရားခံအား ခြေရာခံနိုင်မည် ဖြစ်သည်။
Ref : TechInAsia