Acer Iconia Tab 8

tbCover.jpg

တန်ဖိုး – ကန်ဒေါ်လာ ၁၇၁.၈၀

အားသာချက် – Acer Iconia Tab 8 ဟာ ပါးလွှာတဲ့ ဒီဇိုင်းပုံနဲ့ နောက်ခံကို အလူမီနီယံနဲ့ ဖွဲ့စည်းတည်ဆောက် ပေးထားပါတယ်။ MicroSD slot, micro-HDMI port တွေ ပါဝင်မှာဖြစ်ပြီး app တွေကို သုံးစွဲတဲ့အခါမှာ သွက်သွက်လက်လက်နဲ့ အလုပ်လုပ်ဆောင်နိုင်အောင် စီစဉ်ပေးထားပါတယ်။

အားနည်းချက် – ဂိမ်းအကြီးစားတွေကို ထည့်သွင်းကစားတဲ့အခါမှာတော့ အနည်းငယ် လေးလံမှာဖြစ်ပြီး တစ်ခါတည်း ပါဝင်လာတဲ့ app အတော်များများကို uninstall ပြုလုပ်ခွင့် မပေးထားပါဘူး။

သုံးသပ်ချက် – ဒီ Tablet ရဲ့ ဒီဇိုင်းသွင်ပြင်ဟာ သုံးစွဲသူတွေအတွက် စိတ်တိုင်းကျစေမယ့် ဒီဇိုင်းအမျိုးအစားဖြစ် ပြီး ဘက်ထရီပိုင်းကလည်း စွဲမက်ဖွယ်ကောင်းမယ့် capacity မျိုးကို ထည့်သွင်းအသုံးပြုပေးထားပါတယ်။ လုပ်ငန်းသုံးသာမက ဖျော်ဖြေရေးအတွက်လည်း အသုံးဝင်မယ့် Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက် – Quad Core Processor ကို အသုံးပြုထားပြီး၊ Processor ရဲ့ အမြန်နှုန်းကတော့ 1.86 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 2GB ထည့်သွင်း ပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Storage ပါဝင်မှာဖြစ်ပါတယ်။ MicroSD Card ကို 32GB အထိ အထောက်အပံ့ပေးထားပြီး Tablet ကို အသုံးပြုနိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android version 4.4.2 ကို အသုံးပြုထားပါတယ်။ Display Screen မှာ IPS capacitive Touchscreen ကို အသုံးပြုထားပြီး Resolution ကတော့ 1920 x 1200 resolution ရှိမှာ ဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၈ လက်မခန့်ရှိမှာ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာလည်း rear camera မှာ 5 Megapixels ရှိပြီး Front Camera ကတော့ 2 Megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီရဲ့ သိပ်သည်းဆကတော့ 4600mAh ရှိပြီး တောက်လျှောက် အလုပ်လုပ်မယ်ဆိုရင် ၇ နာရီခွဲခန့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီဇိုင်း – Acer Iconia Tab 8 ဟာ စပီကာကို အနောက်ဘက်အောက်ခြေမှာ ထည့်သွင်းပေးထားပြီး micro-HDMI နဲ့ USB port တွေကို Tablet ရဲ့အပေါ်ဘက်မှာ တပ်ဆင်ပေးထားပါတယ်။ သပ်ရပ်လှပတဲ့ ဒီဇိုင်းနဲ့ စီစဉ် ဖန်တီးပေးထားတဲ့ Tablet အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။