အွန်လိုင်းလက္ကားရောင်းဝယ်ရေးဈေးကွက်အား Kaymu စတင်

11838986_10207105795664466_1770627446128279735_o.jpg

မြန်မာနိုင်ငံရှိ အွန်လိုင်း ရှော့ပင်း ပြုလုပ်နေသူ၊ အွန်လိုင်း ရှော့ပင်းအား စတင်မည့်သူများနှင့် စွန့်ဦး လုပ်ငန်းရှင်များအတွက် ဈေးကွက်အတွင်း မြန်ဆန်စွာ ထိုးဖောက် ဝင်ရောက်နိုင်ကာ ငွေလည်ပတ်မှု ပိုမို လျင်မြန်ပြီး အခြားသော အကျိုးများ ရည်ရွယ်၍ အွန်လိုင်းလက်ကားရောင်းဝယ်ရေး ဈေးကွက်အား Kaymu မှ စတင် လိုက်ကြောင်း သိရသည်။

“အွန်လိုင်းလက်ကား ရောင်းဝယ်တဲ့ လုပ်ငန်းဟာ ကြီးမားတဲ့ ဈေးကွက်တစ်ခုပေါ်မှာ ကုန်ပစ္စည်း မြောက်မြားစွာကို လက် ကားရောင်းချနိုင်အောင် စီစဉ်ပေးထားပါတယ်။ အခုဆို Kaymu Myanmar မှာ လက်ကားကုန်ပစ္စည်းပေါင်း တစ်ထောင်ကျော်ကို တွေ့မြင်ဝယ်ယူနိုင်ပါပြီ။ အခုလို ဈေးကွက်စနစ်ကို ဖွင့်လှစ်ပေးလိုက်တဲ့အတွက် ကုန် ပစ္စည်းတွေ သွားယူရတဲ့ အချိန်တွေ ကုန်ကျသက်သာစေနိုင်မှာပါ။ အဲ့ဒါအပြင် ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကိုလည်း နှိုင်းယှဉ်နိုင်ဦးမှာပါ” ဟု Kaymu Myanmar မှ Country Manager ဖြစ်သူ Mr Max Langer က ပြောကြားသွားခဲ့သည်။

အွန်လိုင်းလက်ကားဈေးကွက်တွင် ရောင်းချလိုသူများအနေဖြင့် ကုန်ပစ္စည်း in-stock ရှိရမည်ဖြစ်ပြီး pre-order ဖြစ်လို့ မရကြောင်း၊ အနည်းဆုံး ကုန်ပစ္စည်း package အနေဖြင့် ၁၀ ခုရှိရမည်ဖြစ်ပြီး မိမိရောင်းချမည့် ကုန်ပစ္စည်းအမျိုးအစားပေါ် package အခု ၅၀၊ ၁၀၀ စသည့်ဖြင့် ရောင်းချနိုင်ကြောင်း သိရသည်။