Windows 10 အထောက်အပံ့ ပါဝင်သည့် Firefox 40 ကို Mozilla ဖြန့်ချိ

11855839_10153123190872825_3362740832109417150_n.jpg

Mozilla သည် Windows, Mac, Linux နှင့် Android အတွက် Firefox 40 ကို ဖြန့်ချိခဲ့သည်။ ၎င်းဗားရှင်းသစ်တွင် Windows 10 အထောက်အပံ့၊ malware ကာကွယ်မှုစနစ်နှင့် Android navigation gesture များ ပါဝင်လာသည်။

Firefox 40 desktop ဗားရှင်းကို Firefox.com မှ download ရယူနိုင်ပြီး လက်ရှိ သုံးစွဲသူများကမူ အလိုအလျောက် upgrade ပြုလုပ်နိုင်မည် ဖြစ်သည်။ Android ဗားရှင်းကိုမူ Google Play မှ ဖြန့်ချိထားသည်။

Firefox 40 တွင် အရေးအပါဆုံး ဖြည့်စွက်မှုမှာ Windows 10 အထောက်အပံ့ ပါဝင်လာခြင်း ဖြစ်သည်။ ယခင် Firefox ဗားရှင်းများကို Windows 10 တွင် သုံးနိုင်သော်လည်း Microsoft ၏ နောက်ဆုံးပေါ် OS နှင့် သုံးနိုင်မည့် ဗားရှင်းကို Mozilla မှ တရားဝင် ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။

Firfoxe 40 desktop ဗားရှင်းတွင် new tab နှင့် tab close ခလုတ်များမှာ အနည်းငယ် ပိုကြီးလာပြီး အချို့ icon များမှာ အနည်းငယ် ပိုမည်းလာသည်။ Refresh နှင့် search icon များကိုမူ Firefox 40 တွင် တွေ့မြင်ရတော့မည် မဟုတ်ပေ။

ထို့အပြင် Windows 10 တွင် Edge browser ကို သုံးစွဲသူများအတွက် Firefox ကို default browser အနေဖြင့် အသုံးပြုရန် သတိပေးချက်ကိုလည်း ထည့်သွင်းပေးထားသည်။

Windows 10 taskbar ရှိ search field မှ ဝက်ဘ်ရှာဖွေမှု ပြုလုပ်ရာတွင် default browser ဖြင့် ဖော်ပြပေးသော်လည်း ရှာဖွေမှုရလဒ်များကိုမူ Microsoft Bing ဖြင့်သာ ဖော်ပြပေးမည် ဖြစ်သည်။ သို့သော် Windows 10 တွင် Firefox ကို default browser အဖြစ် သတ်မှတ်ပြီး taskbar search field မှ ဝက်ဘ်ရှာဖွေမှုများ ပြုလုပ်သည့်အခါ Firefox တွင် ရွေးချယ်ထားသော default search engine မှ ရှာဖွေမှု ရလဒ်များကို ပြသပေးမည် ဖြစ်သည်။

Ref: VentureBeat