Power Bank (10400mAh)

ADATA-PV110-Power-Bank-2(10400mAh)-AT-Online-Product-2015Aug5.jpg

USB Port နှစ်ခုပါဝင်သောကြောင့် USB အသုံးပြု ထုတ်ကုန်နှစ်မျိုးကို တစ်ပြိုင်နက်အားသွင်းနိုင်မည့် ADATA အမှတ်တံဆိပ် PV110 (10400mAh) မော်ဒယ် Power Bank ဖြစ်သည်။ Power Bank ထဲတွင် အားမည်မျှကျန်ရှိ ကြောင်းပြသပေးသော Power Level indicator ပါရှိသည့်အတွက် အားမည်မျှရှိသည်ကို သိရှိနိုင်မည်ဖြစ်သည်။  ဖုန်းနှင့် Power Bank ချိတ်ဆက်မထားသည့်အချိန် ၁၀ စက္ကန့်ထက်ကျော်သွားပါက Power Bank မှ အလိုအလျောက် Power
ပိတ်သွားမည့်စနစ်လည်း ပါရှိမည်ဖြစ်သည်။ Power Bank သို့ အားသွင်းရာတွင်ဖြစ်ပေါ်လာနိုင်သော Charging Fault မဖြစ်အောင် ကာကွယ်ထားသည့် OTP, SCP, OVP ,OCP စနစ်များနှင့်  Device များသို့ အားသွင်းရာတွင် ဖြစ်ပေါ်လာနိုင်သည့် Charging Fault များမဖြစ်အောင် ကာကွယ်ထားသည့်  ODP နှင့် OCP စနစ်များ ပါဝင်သည်။ အရောင်အနေဖြင့် ငွေရောင်တစ်မျိုးတည်းကိုသာ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ကန်ဒေါ်လာ ၃၄ ဖြစ်ပြီး တစ်နှစ် အာမခံပေးထားသည်။ Micro Computer Co., Ltd. ဖုန်း ၀၁-၂၉၄၅၀၃၊ ၂၀၂၄၅၃၊ ၃၉၈၈၆၆ နှင့် ၃၉၈၈၆၇ ၌ ဆက်သွယ်ဝယ်ယူနိုင်သလို ရန်ကုန်မြို့ရှိ ကွန်ပျူတာ အရောင်းဆိုင်ကြီးများတွင်လည်း ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။