Firefox ပေါ်တွင် PDF ဖိုင်များကို အလွယ်တကူပြုလုပ်ခြင်း

Untitled.jpg

အင်တာနက် အသုံးပြုရင်း pdf ဖိုင်တွေကို အလွယ်တကူနဲ့ ပြုလုပ်ချင်တယ်ဆိုရင် Soda PDF ဆိုတဲ့ add-on ကို ထည့်သွင်းသုံးစွဲနိုင်ပါတယ်။ soda pdf ဟာ document file တွေကို convert ပြုလုပ်ဖို့အတွက် စီစဉ်ပေး ထားတဲ့ add-on တစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါ add-on ကို ထည့်သွင်းဖို့အတွက် ဒီနေရာ ကနေ ရယူနိုင်ပါတယ်။

အဆိုပါ add-on page ကိုရောက်ပြီဆိုရင် Add to Firefox ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပါ။ ပြီးသွားရင် Install now ဆိုတဲ့ button ကို နှိပ်ပြီး အဆိုပါ add-on ကို install ပြုလုပ်ရပါမယ်။ Install ပြုလုပ်ပြီးရင် Firefox browser ကို Restart ပြုလုပ်ပေးရမှာဖြစ်တဲ့အတွက် Restart ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။

ပြီးသွားရင် Soda pdf converter ကို အသုံးပြုဖို့အတွက် Firefox browser ရဲ့ ညာဘက်ထောင့် အပေါ်နားလေးမှာ Soda PDF online service ဆိုတဲ့ logo လေးကို နှိပ်လိုက်ပါ။ ဒါဆိုရင် document တွေကနေ PDF ကိုပြောင်းမှာလား PDF ကနေ Document တွေကို ပြောင်းမှာလားဆိုတာတွေကို ရွေးချယ်နိုင်ပါတယ်။

အဆိုပါ add-on ဟာ Word, Excel, Power Point, Image, HTML File, Text File များကို ထည့်သွင်း အသုံးပြုနိုင်ရန် စီစဉ်ပေးထားပါတယ်။ ဒါ့အပြင် Pdf ဖိုင်များကိုလည်း ခွဲနိုင်၊ ဆက်နိုင်စေရန်အတွက်လည်း စီစဉ်ပေးနိုင်မယ့် နည်းပညာတွေကို ထည့်သွင်းပေးထားပါတယ်။

အထက်ဖော်ပြပါ နည်းလမ်းဟာ PDF ဖိုင်တွေကို ပြုလုပ်ဖို့အတွက် နဲ့ convert ပြုလုပ်ဖို့အတွက် အခြားသော ဆော့ဖ်ဝဲတွေ ထည့်သွင်းစရာမလိုဘဲ Firefox browser ပေါ်ကနေ အလွယ်တကူနဲ့ ပေါ့ပေါ့ပါးပါး လုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။

Ref: maketecheasier