Techies in TI5

Techies-in-Ti5-YAhoo-online-gamearticle-2015Aug6.jpg

Public Match Making တွေ မှာ ကစားသမားအားလုံးနီးပါး မုန်းတီးရုံမကဘဲ ကြောက်ရွံတဲ့ Hero တစ်ကောင်ကို ပြပါဆိုရင်တော့ Techies သာလျှင် ထိပ်ဆုံးမှာ ရပ်တည်နေမှာ ဖြစ်ပါတယ်။ ကစားသမားတွေအနေနဲ့ မိမိအသင်းမှာ Techies ပါဝင်လာရင် Hero တစ်ကောင်ပုတ်သလို ခံစားကြပြီး တစ်ဖက်အသင်းမှာ ပါလာပြန်လျှင်လည်း စိတ်ပျက်ကြလေ့ရှိခြင်းက Techies ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ Techies ဟာDota 2 ရဲ့ ရှိသမျှ Hero ၁၁ဝ ကောင်စလုံးမှာ သူများနဲ့မတူ တစ်မူထူးခြားတဲ့ ကစားပုံရှိသော Hero တစ်ကောင်ဖြစ်တာနဲ့အညီ အမျိုးမျိုးသော Role တွေနဲ့ ဆော့ကစားနိုင်တဲ့ Hero လည်း ဖြစ်ပါတယ်။ TI5 Allstar Match ကနေ အစပြု ပြီး ပါဝင်လာတဲ့ Techies ဟာ လက်ရှိမှာ ၂၆ ကောင်မြောက် Popular အဖြစ် ဆုံးနဲ့ 52% Win rate ရှိတဲ့ Hero တစ်ကောင်အဖြစ် ရပ်တည်
လျက် ရှိပါတယ်။

Dota 2 အပေါ် Techies ရဲ့ လွှမ်းမိုးမှုဟာ လက်ရှိကျင်းပလျက်ရှိတဲ့ The International 5 (TI5) ပြိုင်ပွဲအထိ မထင်မှတ်ဘဲ ဂယက်ရိုက်လာခဲ့ပါတယ်။ သာမန် Techies ကစားသမားတွေဟာ ကစားပွဲအစမှာ Town Portal အသုံးပြုပြီး Jungle Bombing, Roaming Bombing ပုံစံနဲ့ ဆော့ကစားလေ့ ရှိကြပေမယ့် Professional တန်းမှာတော့ Techies ကို Core Hero တစ်ကောင်အဖြစ် ဆော့ကစားခြင်းက ထူးခြားတဲ့ ကွဲပြားချက်တစ်ခု ဖြစ်နေပါတယ်။ သာမန်ယေဘုယျ Hero တွေအနေနဲ့ Professional ကစားသမားများကို အလွယ်တကူ လိုက်လံအတုယူ ကစားနိုင်ပေမယ့် Techies အနေနဲ့ Public Match Making မှာ Core Hero လိုဆော့ဖို့ မလွယ်ကူနိုင်ပါဘူး။ လက်ရှိ သြဂုတ်လ ၄ ရက်အထိ Main Event မှာတော့ Techies ဟာ ၇ ပွဲ Pick ခြင်းခံရပြီး ၁၂ ပွဲ Ban ခံရပါတယ်။ အထူးသဖြင့် EG နဲ့ Complexity Gaming မှ ကစားသမားတွေ အများစုရွေးချယ်လေ့ရှိပြီး Core Hero တစ်ကောင်အနေနဲ့ ဆော့ကစားတာကို တွေ့ခဲ့ရပါတယ်။ သာမန် Hero များကဲ့သို့ Lane ပေါ်မှာနေပြီး Suicide Squad Attack! နဲ့ Land Mine တို့ကို Ganking လုပ်ရာမှာ အသုံးပြု ပြီး အစောပိုင်း ဆော့ကစားတဲ့ ပုံစံနဲ့သာ မြင်ရလေ့ရှိပါတယ်။

Evil Geniuses အသင်း ဟာ Group အဆင့် CDEC နဲ့ ထိပ်တိုက်တွေ့စဉ် ဒုတိယပွဲ မှာတော့ Techies ကို Pick ခဲ့ပါတယ်။ Aui_2000 ကိုင်တွယ်ခဲ့တဲ့ Techies ဟာအခြား Pro တွေ ဆော့လေ့ရှိတဲ့အတိုင်း Tusk နဲ့ အတူ လမ်းမထွက်ဘဲ QoP နဲ့ အတူ Safe Lane မှာ ဆော့ကစားပြီး အကောင်းဆုံးပုံစံနဲ့ ကစားပြသွား
ခဲ့ပါတယ်။ Aui ရဲ့ Techies ဟာ Blink Dagger တစ်ချောင်းစပ်ထားရုံနဲ့  Snowball + Suicide ပုံစံကို မလိုအပ်ဘူးဆိုတာကို ပြသသွားခဲ့ပါတယ်။ Techies ကို Split Push လုပ်လိုက်၊ Smoke Gank လုပ်လိုက်ဖြင့် Teamfight တွေကို ဦးဆောင်ခဲ့ပါတယ်။ Blink Dagger + Suicide Squad Attack ကို အသုံးပြု ပြီး CDEC က Aggressif ရဲ့ Gyro ကို တစ်ချိန်လုံး အနှောင့်အယှက်ပေးကာ ကစားခဲ့ပါတယ်။

သိပ်မကြာခင်က ကျင်းပပြီးစီးခဲ့တဲ့ ESL One 2015 Tournament မှာတုန်းကလည်း Team Secret ဟာ Fnatic နဲ့ Quarter Final မှာ တွေ့စုံစဉ်က Techies ကို အသုံးပြုခဲ့ပါတယ်။ Kuroky ကိုင်တွယ်ခဲ့တဲ့ အဆိုပါ Techies Match ဟာ Dota 2 သက်တမ်းတစ်လျှောက် ဖျော်ဖြေမှု ရသအပြည့်အဝဆုံးပေးတဲ့ ပြိုင်ပွဲဟူ
၍ပင် တင်စားခေါ်ဆိုခဲ့ကြပါတယ်။ Kuroky ရဲ့ စိတ်ရှည်လွန်းတဲ့ ကစားပုံတွေဟာ Professional အဆင့် ကစားပွဲတစ်ခုအတွက် ပြီးပြည့်စုံတဲ့ ကစားကွက်
များ ဖြစ်လာခဲ့ပြီး ထိုစဉ်ကတည်းကTusk + Techies ကစားပုံနဲ့ ရိုးရှင်းစွာ စတင်ခဲ့တာဖြစ်ပါတယ်။ Orb of Venom အသုံးပြုတဲ့ Techies ဟာ တစ်ဖက်အသင်း Ohaiyo နဲ့ JoHnNy ရဲ့ Clockwerk + Undying Lane ကို ချိုးနှိမ်ထားနိုင်ခဲ့ပါတယ်။ ကစားပွဲတစ်လျှောက်လုံးမှာ သာမန်ကစားသမားတွေ ဆော့ကစား သလိုမျိုး တောထဲမနေဘဲ လမ်းပေါ်မှာတင် အငိုက်မိအောင် ထောင်ဖမ်းခဲ့တဲ့ Remote Mine တွေကိုလည်း  ပွဲကြည့်ပရိသတ်များ ရင်သပ်ရှုမောလောက်အောင် Kuroky က ကစားပြနိုင်ခဲ့ပါတယ်။ ပရိသတ်များ ပြောစမှတ်အဖြစ်ဆုံးကတော့ Radiant Jungle ထဲမှာ ၃ ကြိမ်တိတိ အငိုက်ဖမ်းနိုင်ခဲ့တဲ့ Bombing Skill များပဲ ဖြစ်ပါတယ်။ ပထမအကြိမ် Kuroky ဟာ မမြင်ရတဲ့ သစ်ပင်အကွယ်ကို ယူပြီး Land mine + Suicide ဖြင့် Double Kill တစ်ခါ၊ ဒုတိယအကြိမ် Radiant Jungle ထဲကို Mid Lane ကနေဝင်တဲ့ လမ်းကြောင်းပေါ်မှာ Ultimate Remote Mine များစွာကို Ohaiyo ရဲ့ Clockwerk ရှိတဲ့ ကြားကနေ ပေါ်ပေါ်ထင် ထင်ပဲ ထောင်နေခဲ့ပြီး Teamfight တစ်ခုဖြစ်တဲ့ အချိန်အထိ စိတ်ရှည်ရှည်နဲ့ စောင့်ကာ ဖောက်ခွဲ၍ Dk နဲ့ QoP ကို ဖျောက်ပေးခဲ့တဲ့ တစ်ခါနဲ့ နောက်ဆုံး Team Fight  အဆိုပါ နေရာမှာပဲ QoP က Ultimate Mine များပေါ် မတ်တတ်ရပ်နေသည့်တိုင်အောင် လုံးဝမဖောက်ခွဲဘဲ Undying, Distruptor, Clockwerk တို့ပါ ထောင်ချောက်ထဲ ဝင်လာသည့်အချိန်ထိ စိတ်ရှည်ရှည်နဲ့ စောင့်ပြီး ဖောက်ခွဲခဲ့ခြင်းက စက္ကန့်ဝက်အတွင်းမှာ fnatic ရဲ့ gg ခေါ်ခြင်းကို ဖြစ်စေခဲ့ပါတယ်။ Kuroky ရဲ့ Techies ကစား ပုံဟာ တစ်ကမ္ဘာလုံးက မျက်စိ ဒေါက်ထောက် ကြည့်အောင် ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။

Techies ဟာ လက်ရှိ Professional Career မှာတော့ Counter လုပ်ဖို့ ခက်ခဲတဲ့ Hero တစ်ကောင်အဖြစ် ရပ်တည်လျက် ရှိပါတယ်။ Dota သမိုင်းကြောင်းရဲ့ ၁၄ နှစ်အတွင်းမှာတော့ Techies ကို ကြောက်ဖို့ကောင်းတဲ့ Hero အဖြစ် သတ်မှတ်ခံရတဲ့ Era ဟာ အခုမှ စတင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Tournament တွေမှာ အများဆုံး ရွေးချယ်ခံခဲ့ရတဲ့ Ogre Magi, Weaver, Sniper, Troll Warlord တို့ကတော့ ဒီနှစ် TI မှာ Pick Ban ခံရခြင်းမှာ လုံးဝ ပါဝင်လာခြင်းမရှိတော့ဘဲ သမိုင်းသစ်တွင်ခဲ့တဲ့ Techies ကို TI5 ရဲ့ ဂယက်ကြောင့် Public Match Making တွေမှာ Lane ပေါ်နေတဲ့ Hero တစ်ကောင် အဖြစ် မြင်တွေ့ရတော့မလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

www.dotaboo.com