YTalk အကောင့်တွင် ရှိသော ငွေပမာဏအား ရေဘေးအတွက် လှူဒါန်းနိုင်ရန် ပြုလုပ်

11822812_491422961024123_172771988232673385_n.jpg

YTalk အကောင့်တွင်ရှိသော ငွေပမာဏအား ရေဘေးအတွက် လှူဒါန်းနိုင်ရန် ပြုလုပ်လိုက်ကြောင်း သိရသည်။

မိမိတို့၏ YTalk အကောင့်နာမည်နှင့် မိမိလှူဒါန်းလိုသော ငွေပမာဏအား 09-73174871 သို့ SMS ပေးပို့၍ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း၊ အလှူရှင်များက လှူဒါန်းသည့်ငွေပမာဏ ၁၀၀% အပြင် ယင်း ၁၀၀% ၏ ၁၀% နှင့်ညီမျှသော ငွေပမာဏအား VMG Group of Companies (YTALK) မိသားစု မှ ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ကယ်ဆယ်ရေးဌာနတိုင်းတွင် နိုင်ငံခြားသို့ အခမဲ့ ခေါ်ဆိုမြှုပုလုပ်နိုင်ရန် YTalk မှစီစဉ်ထားကြောင်း သတင်းရရှိသည်။ ကယ်ဆယ်ရေးဌာနတိုင်းတွင် နိုင်ငံခြားမှ မိသားစုများအား အသိပေးနိုင်ရန် အခမဲ့ခေါ်ဆိုမှုများ ပြုလုပ်ပေးရန် စီစဉ်နေကြောင်း ဆိုသည်။

ကနဦးအနေဖြင့် မလေးရှားနှင့်စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသူများ၏ မိသားစုများ အများဆုံးရောက်ရှိရာ နေရာကိုစာရင်းလုပ်ကာ ဆက်သွယ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။