iPhone အားသွင်းနိုင်သော ဂျင်းဘောင်းဘီ

phonechargerpants-SH-mashable-2015aug6.jpg

Joe’s Jeans ကုမ္ပဏီမှ #Hello jean ဟုအမည်ရသော ဂျင်းဘောင်းဘီတွင် powerbank ထည့်သွင်းရန် အထူးပြုလုပ်ထားသော အိတ်တစ်ခု ပါဝင်လာပြီး iPhone 5, 5S သို့မဟုတ် 6 (iPhone 6 plus နှင့်အသုံးပြု၍ မရ) တို့ကို အားသွင်းနိုင်သည်။ ၎င်းအမျိုးသမီးဝတ် ဂျင်းဘောင်းဘီ၏ ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၈၉ ဖြစ်သည်။

အဆိုပါ အိတ်ကပ်အတွင်း ထည့်သွင်းနိုင်သည့် battery pack မှာကန်ဒေါ်လာ ၄၉ ရှိပြီး ၎င်းဘက်ထရီနှင့် ဂျင်းဘောင်းဘီ၏ ချုပ်ရိုးအတွင်း ထည့်သွင်းထားသော USB ကြိုးနှင့် ချိတ်ဆက်နိုင်သည်။ ထို့ကြောင့် ဂျင်းဘောင်းဘီ ဝတ်ဆင်သူများသည် iPhone ကိုနောက်ဘက် အိတ်ကပ်အတွင်း ထည့်သွင်း၍ အားသွင်းနိုင်မည် ဖြစ်သည်။ ၎င်းဂျင်းဘောင်းဘီကို မလျော်ခင် ဘက်ထရီနှင့် USB ကြိုးများကို ဖြုတ်ထားရန် လိုအပ်သည်။ ဂျင်းဘောင်းဘီအတွင်း ထည့်သွင်းရသော ဘက်ထရီသည် iPhone 5 နှင့် 5S ကို ၈၅ ရာခိုင်နှုန်းအထိ အားသွင်းပေးပြီး iPhone 6 ကိုမူ ၇၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်သည်။

#Hello ဂျင်းဘောင်းဘီသည် iPhone ဖြင့်သာ အသုံးပြုနိုင်သော်လည်း ၎င်းတွင်ပါဝင်သော I/O (input နှင့် output) အိတ်ကပ်သည် Samsung Galaxy S ထုတ်ကုန်များ အပါအဝင် မျက်နှာပြင် ၄.၈ လက်မ သို့မဟုတ် ပိုမိုသေးငယ်သော စမတ်ဖုန်းများကိုလည်း ထည့်သွင်းနိုင်သည်။

Ref: Mashable