Ubuntu OS တွင် Web Browser နှင့် Email Client များကို Default သတ်မှတ်ခြင်း

Ubuntu-Default-App.jpg

Ubuntu OS အသုံးပြုသူတွေ အနေနဲ့ Web Browser တွေကို သုံးစွဲတဲ့အခါမှာ Browser တစ်ခုထက်ပိုပြီး ထည့်သွင်းထားမိရင် ကိုယ်အသုံးပြုချင်တဲ့ browser ကို default အဖြစ် ရွေးချယ်ထားနိုင်ပါတယ်။ ဒါ့အပြင် email ချိတ်ဆက်အသုံးပြုရန်အတွက် email client app တွေကိုလည်း default အဖြစ် ရွေးချယ်နိုင်ရန် စီစဉ်ပေးထားပါတယ်။

တစ်ခါတလေ Link တွေကို နှိပ်တဲ့အခါမှာ ဘယ် Web  browser ကို အသုံးပြုပြီး ဖွင့်မလဲဆိုတာမျိုးကို ကြုံရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အသုံးပြုနေကျ Web browser ကို default အဖြစ် သတ်မှတ်ပေးထားမယ်ဆိုရင် အထက်မှာ ဖော်ပြတဲ့ ပြဿနာတွေကို ဖယ်ရှားရှင်းလင်း နိုင်ပါလိမ့်မယ်။

Web browser နဲ့ Email Client ဆော့ဖ်ဝဲတွေကို Default သတ်မှတ်ပေးထား ချင်တယ်ဆိုရင် ညာဘက်ထောင့် အပေါ်နားလေးမှာရှိတဲ့ စက်သွားပုံ icon လေးကို နှိပ်လိုက်ပါ။ ပြီးသွားရင် System settings ဆိုတာကို ရွေးချယ်ပေးရပါမယ်။ System settings ထဲကို ရောက်သွားရင် Detail’s items ဆိုတာကို ထပ်မံ ရွေးချယ်လိုက်ပါ။ Detail’s items box ကျလာတဲ့ အခါမှ ဘယ်ဘက် Side bar မှာရှိတဲ့ Default Applications ဆိုတာကို ရွေးချယ်ပေးလိုက်ပါ။

ဒါဆိုရင် ကိုယ် Default ထားချင်တဲ့ ဆော့ဖ်ဝဲတွေကို ရွေးချယ်ဖို့အတွက် Default Applications ရဲ့ညာဘက်အခြမ်းမှာ ဖော်ပြပေး ထားပါလိမ့်မယ်။ Web ဆိုတဲ့နေရာမှာ Web browser တွေအတွက် ရွေးချယ်ပေးနိုင်မှာ ဖြစ်ပြီး Mail, Calendar, Music, Video, Photos ဆိုပြီး အမျိုးအစားတွေ ခွဲပေးထားပါတယ်။ အဆိုပါ နေရာတွေမှာ ကိုယ်အသုံးပြုချင်တဲ့ ဆော့ဖ်ဝဲကို ရွေးချယ်ပေးထားလိုက်ရင် အဆိုပါ ဆော့ဖ်ဝဲတွေကို Default application အဖြစ် သတ်မှတ်လို့ပြီးပြီ ဖြစ်ပါတယ်။