Double Tap စနစ်အား ပိုမိုပြည့်စုံစွာ အသုံးပြုခြင်း

09_TKK_Screenshot_User-Guide_6Aug2015.jpg

Double Tap ဆိုတာကတော့ ယေဘုယျအားဖြင့်ဆိုရင် ဖုန်းရဲ့ Screen ပေါ်မှာ လက်နဲ့နှစ်ချက် ဆက်တိုက်ထိနှိပ်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို နောက်ပိုင်းထွက် စမတ်ဖုန်းတွေမှာ တွေ့မြင်နိုင်ပါတယ်။ Double Tap စနစ်ကို အသုံးပြုပြီး ဖုန်းရဲ့ Screen ကိုဖွင့်ခြင်း၊ ပိတ်ခြင်းတွေ ပြုလုပ်ကြတဲ့အပြင် ဒီစနစ်နဲ့ ဖုန်းထဲမှာ ရှိနေတဲ့ ကိုယ်အသုံးပြုချင်တဲ့ စနစ်တွေထဲကိုလည်း အလွယ်တကူ Shortcut စနစ်လိုမျိုး အသုံးပြုပြီး ဝင်ရောက်နိုင်ပါတယ်။ Double Tap စနစ် နဂိုကတည်းက ပါဝင်လာခဲ့ပြီးသား ဖုန်းတွေရှိသလို အချို့သောဖုန်းတွေမှာလည်း ဒီစနစ်က မပါဝင်ကြပါဘူး။ ခုဖော်ပြမယ့် နည်းလမ်းကတော့ Double Tap စနစ်ပါဝင်တဲ့ ဖုန်းတွေမှာ Double Tap စနစ်ကို ထပ်မံပြီးဘယ်လို အသုံးပြုနိုင်မလဲ ဆိုတာကိုဖော်ပြ ပေးမှာဖြစ်ပါတယ်။

စတင်ပြီး လေ့လာကြည့်ကြပါ မယ်။ ပိုမိုပြည့်စုံတဲ့ Double Tap စနစ်အသုံးပြုနိုင်ဖို့အတွက် ဆော့ဖ်ဝဲကို အသုံးပြုကြပါမယ်။ Tap Screen On/Off ဆိုတဲ့ ဆော့ဖ်ဝဲပါ။ ဒီဆော့ဖ်ဝဲကိုတော့ Play Store ပေါ်မှာ အခမဲ့ရယူ အသုံးပြုနိုင်ပါတယ်။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုး ရှိပါတယ်။

ဆော့ဖ်ဝဲကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာ Gesture ဆိုတဲ့နေရာမှာ ဖြစ်နေတဲ့အတွက် ဘေးနားမှာရှိနေတဲ့ Setting ဆိုတဲ့ထဲကို ဝင်လိုက်ပါမယ်။ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒီနေရာမှာ Tap Screen On/ Off ဆိုတဲ့နေရာမှာ Off ဖြစ်နေတဲ့အတွက် On လုပ်ပြီး ဖွင့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ အောက်ဘက်မှာ ရှိနေတဲ့စနစ်တွေမှာ အမှန်ခြစ်တွေ ပေးခဲ့လိုက်ပါ။ ဒါဆိုရင်တော့ ကိုယ်အသုံးပြုချင်တဲ့ စနစ်တွေကို တကူးတက သွားဖွင့်နေစရာမလိုပဲ အလွယ်တကူအသုံးပြု နိုင်ပါလိမ့်မယ်။

ပြီးသွားရင်တော့ Setting ရဲ့ ဘေးနားမှာရှိနေတဲ့ Everywhere ဆိုတဲ့စနစ်ထဲကို ဝင်လိုက်ပါ။

ဒီစနစ်ထဲမှာ Tap Screen On/Off Everywhere ဆိုတာရှိ ပါတယ်။ အဲဒီနေရာမှာ On လုပ်ပြီးဖွင့်လိုက်ပါ။ ဒါဆိုရင် ခုလိုမြင် ရပါလိမ့်မယ်။

ဒါကတော့ ဆော့ဖ်ဝဲကို ဖုန်းနဲ့ Activate ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Activate ပြုလုပ်မယ်ဆိုရင် Activate  ကိုနှိပ်နိုင်ပြီး  မပြုလုပ်ဘူး ဆိုရင်တော့ Cancel ကိုနှိပ်နိုင်ပါတယ်။ ပြီးသွားရင်တော့ ဆော့ဖ်ဝဲကို ပြန်ထွက်ပြီး အစကနေ ပြန်ဖွင့်လိုက်ပါ။

ဆော့ဖ်ဝဲကို အစကနေ ပြန်ဖွင့်လိုက်ရင် ခုလိုမြင်ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ မြင်ကွင်းမှာရှိနေတဲ့ Double Tap ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ရပါ လိမ့်မယ်။

မြင်တွေ့ရတာကတော့ Double Tap စနစ်ကို ဘယ်နေရာအတွက် အသုံးပြုမလဲဆိုတာကို ရွေးချယ်နိုင်တဲ့ နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အပေါ်ဘက်မှာရှိတဲ့ Nothing ဆိုတဲ့ စနစ်ကတော့ Double Tap စနစ်ကို အသုံးမပြုဘူးလို့ သတ်မှတ်တာဖြစ်ပြီး သူ့ရဲ့အောက်နားမှာတော့ Screen On နဲ့ Unlock ဆိုပြီးရှိပါတယ်။ Double Tap ပြုလုပ်တဲ့အချိန်မှာ Screen ဖွင့်ချင်လား ဒါမှမဟုတ် Unlock ဖြစ်ချင်လား ဆိုတာကိုရွေးချယ် နိုင်ပါတယ်။

ဒီလိုမှ မဟုတ်ရင်တော့ အောက်ဘက်မှာ Application တွေရှိပါတယ်။ အောက်မှာရှိနေတဲ့ App တွေထဲကနေလည်း ကိုယ့်စိတ်ကြိုက် App ကိုရွေးချယ်ပြီး  Double Tap ထဲမှာ မှတ်သားထားနိုင်ပါတယ်။ ဒီလိုမျိုး App ထဲကနေ ရွေးချယ်ပြီး မှတ်လိုက်မယ်ဆိုရင်တော့ ဖုန်းရဲ့ Screen ပိတ်နေတဲ့အချိန်မှာ Double Tap ပြုလုပ်လိုက်တာနဲ့  ကိုယ်မှတ်သားထားတဲ့ App ကိုတစ်ခါတည်း ဖွင့်ပေးလိုက်မှာ ဖြစ်ပါတယ်။ ဒါကတော့ Double Tap စနစ်ကို အသုံးပြုနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။

ဒါ့အပြင် ဆော့ဖ်ဝဲထဲမှာ နောက်ထပ်အသုံးပြုနိုင်မယ့် နည်းစနစ်တွေ အများအပြား ပါဝင်နေပါသေးတယ်။

Swipe Left ဆိုတာကတော့ ဖုန်း Screen  ပေါ်မှာ ညာကနေ ဘယ်ဘက်ကို ပွတ်ဆွဲလိုက်ရင် ဘယ်လိုစနစ်ကို အသုံးပြုမလဲဆိုတာကို ရွေးချယ်နိုင်တဲ့ နေရာဖြစ်ပါတယ်။ ဒီလိုပဲ Swipe Right, Swipe Up, Swipe Down, Long Press, Up Arrow, Down Arrow, Double Up Arrow, Double Down Arrow အစရှိသဖြင့် Screen ပေါ်မှာ ကိုယ့် စိတ်ကြိုက် သင်္ကေတတွေကို ရွေးချယ်ပြီး  စိတ်ကြိုက်မှတ်သား အသုံးပြုနိုင်ပါတယ်။

Swipe Left, Swipe Right, Swipe Up, Swipe Down အစရှိတဲ့ စနစ်တွေကို နှိပ်ရင်ခုလိုမျိုး မြင်ရပါလိမ့်မယ်။

Swipe တွေမဟုတ်ပဲ အခြားစနစ်တွေကို အသုံးပြုမယ်ဆိုရင်တော့ ကိုယ်အသုံးပြုမယ့် စနစ်တစ်ခုကို နှိပ်လိုက်တိုင်း ရေးဆွဲရမယ့် သင်္ကေတကို တစ်ပါတည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။

သင်္ကေတရေးဆွဲပုံ ပြသပြီးချိန်မှာတော့ ကိုယ်မှတ်သားမယ့် စနစ်နေရာကို ရောက်ရှိမှာ ဖြစ်ပါတယ်။