Sony Xperia Z4 Tablet

sony-xperia-z4-tablet-SH-cnet-2015aug5(2).jpg

USD-$ 899.00

အားသာချက်

Sony Xperia Z4 သည်ပါးလွှာပြီး ရေစိုခံနိုင်သလို ကျစ်လစ်ပြီး စတိုလ်ကျလှပသည်။ ၎င်းတွင် Android နောက်ဆုံးပေါ် ဗားရှင်းကို အသုံးပြုထားပြီး သုံးစွဲရလွယ်ကူစေရန် ဖန်တီးပေးထားသည်။ ထို့အပြင် Xperia Z4 တွင် အရောင်တောက်ပသော HD မျက်နှာပြင် ပါဝင်ကာ စွမ်းဆောင်ရည်မှာ မြန်ဆန်ပြီး ချောမွေ့မှုရှိသည်။

အားနည်းချက်

၎င်းနှင့်တွဲဖက် အသုံးပြုနိုင်သည့် Bluetooth keyboard သည် စာရိုက်ရာတွင် အခက်အခဲဖြစ်စေပြီး keyboard မှာ အရည်အသွေးနိမ့်သော ပလတ်စတစ်ဖြင့် ဖန်တီးထားသည်။

အသေးစိတ် အချက်အလက်

Sony ၏ Xperia Z4 tablet သည် ပါးလွှာပြီး စွမ်းဆောင်ရည်မြင့်သလို မျက်နှာပြင် အရွယ်အစားမှာ ၁၀ လက်မရှိကာ ဖုန်နှင့်ရေဒဏ်ကို ခံနိုင်ရည်စွမ်းရှိသည်။ အဆိုပါ tablet တွင် 2 GHz Qualcomm Snapdragon 810 64-bit octa-core အသုံးပြုထားသောကြောင့် စွမ်းဆောင်ရည် အလွန်မြန်ဆန်သည်။ Z4 tablet တွင် အရောင်စုံပြီး စိတ်ကြိုက်ပြင်ဆင် အသုံးပြုနိုင်သော feature များစွာ ပါဝင်သည်။ ၎င်း tablet တွင် app များကို တူရာစုပေးမည့် feature နှင့် headphone များဖြင့် ချိတ်ဆက်သည့်အခါ Spotify ချက်ခြင်း အသုံးပြုနိုင်အောင် ပြုလုပ်ပေးမည့် လုပ်ဆောင်ချက်ပါဝင်သည်။ သို့သော်လည်း Xperia Z4 ၏ကွဲပြားချက်မှာ အကန့်အသတ်ဖြင့်သာ စိတ်ကြိုက်ပြင်ဆင် အသုံးပြုနိုင်သည်။

Xperia Z4 tablet ၏ထိပ်ဆုံး အစွန်းဘက်တွင် headphone jack ပါဝင်ပြီး၎င်း၏ ဘယ်ဘက်တွင် အဖုံးတစ်ခုဖြင့် ဖုံးအုပ်ထားသော SIM နှင့် microSD ကတ်ပေါက်များ ရှိသည်။ ထို့နောက် ညာဘက်စွန်းတွင် Micro-USB port တစ်ခုပါဝင်ပြီး ဘယ်ဘက်ခြမ်းတွင် ပါဝါခလုတ်နှင့် အသံအတိုးအကျယ် ခလုတ်တို့ တည်ရှိသည်။ Xperia Z4 tablet ကို ကျောက်မီးသွေးကဲ့သို့ အနက်အပြင် အဖြူဟူ၍ နှစ်ရောင်ဖြင့် ထုတ်လုပ်ထားသည်။

Sony Xperia Z4 အတွက် keyboard တစ်ခုလည်း ထုတ်လုပ်ထားသည်။ ၎င်းသည်ပါးလွှာ ပေါ့ပါးသော်လည်း အသုံးပြုထားသော ပလတ်စတစ်မှာ အပေါစားဆန်သလို စွမ်းဆောင်ရည်နိမ့်ပါးသည်။

အဆိုပါ tablet ၏ ၁၀ လက်အရွယ်ရှိ မျက်နှာပြင်တွင် 2,560x 1,600 pixel ရုပ်ထွက်အရည်အသွေးရှိပြီး အရောင်စုံလင်ပြီး စိုပြေမှုရှိသည်။ ၎င်း၏ 2k မျက်နှာပြင်တွင် HD content များကြည့်ရှုသည့်အခါ အလွန်ကောင်းမွန်ပြီး UI မှာလည်း home screen တွင် widget များထည့်ခြင်း သို့မဟုတ် theme ပြောင်းလဲသည့်အခါ ပိုမိုအမြင်ဆန်းစေမည် ဖြစ်သည်။

Xperia Z4 ၏ရှေ့ကင်မရာမှာ 5.1 megapixel ကင်မရာဖြစ်ပြီး ဗွီဒီယိုဖြင့် အစည်းအဝေး ပြုလုပ်ခြင်းနှင့် selfie ရိုက်ကူခြင်းတို့ ကောင်းစွာ ပြုလုပ်နိုင်သည်။ ၎င်း၏ကျောဘက်ကင်မရာမှာ 8-megapixel အသုံးပြုထားသည်။ ၎င်းကင်မရာများသည် အရောင်များကို မှန်ကန်စွာ ဖော်ပြနိုင်ခြင်းမရှိသလို အစက်အပြောက်များဖြင့် မှုန်ဝါးလျက်ရှိသည်။

ဘက်ထရီ

Sony Xperia Z4 tablet တွင် 6000 mAh ဘက်ထရီ ပါဝင်သောကြောင့် ဗွီဒီယိုများကို ၁၇ နာရီအထိ ကြည့်ရှုနိုင်သည်။ ထို့နောက် ၁၀ နာရီနှင့် ၅၅ မိနစ်ခန့်ကြာအောင် အသုံးပြုနိုင်သေးသည်။