မောင်ပိုင်စိုးသူ၏ Student Life

Paingsoethu_Studentlife_Gmaildownload_Aug62015.jpg

မလေးရှားနိုင်ငံ Taylor’s College တွင် Canadian Pre-University (CPU) Program တက်ရောက်နေသော မောင်ပိုင်စိုးသူ၏ Student Life

မြန်မာနိုင်ငံမှာနောက်ဆုံးပြီးခဲ့တဲ့ ပညာသင်နှစ်နဲ့ IGCSE ကို ဘယ်နှစ်ဘာသာသင်ယူခဲ့လဲ။

ကျွန်တော် ၂၀၁၄ ခုနှစ် မေ မှာ Graduate ဖြစ်တာပါ။ IGCSE မှာ ၆ ဘာသာယူခဲ့ပါတယ်။ English, Maths, Pure Mathemetics, Phy-sics, Biology နဲ့ Chemistry ပါ။

Taylor’s ရဲ့ Canadian Pre University ကို ရွေးချယ် တက်ရောက်ရတဲ့အကြောင်းကို ပြောပြပေးပါ။

Taylor’s College  ရဲ့ CPU Program  ကို ကျောင်းသားတွေက အဆင်အပြေဆုံးလို့ပြောကြတယ်။ တခြား Program တွေနဲ့မတူဘဲ English Usage က သူများကျောင်းတွေ၊ Program တွေထက်များတယ်။ လူမျိုးစုံ တက်တဲ့အတွက် Culture Sharing တွေ၊ Communication တွေ တိုးတက်မယ်။ University အတွက် အကောင်းဆုံး Foundation တစ်ခုဖြစ်မယ် ထင်လို့ရွေးလိုက်တာပါ။ ကျွန်တော်ဒီမေဂျာကိုရွေးချယ်လိုက်တာလည်း မှန်ပါတယ်။ Myanmar Search International (MSI) က မှန်ကန်တဲ့ Guide line ပေးခဲ့တာလည်း ကျွန်တော့်အတွက်အများကြီး အထောက်အကူဖြစ်သွားတာပါ။

Pre-University မှာဘာတွေသင်ကြားရလဲ။ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေတက်ဖို့ Pre-University မှာ CGPA ဘယ်လောက်ထားရမလဲ။ ဘယ်လိုကြိုးစားသင့်လဲ။

Pre-University မှာ ကျောင်းသားတွေအတွက် ဘာသာရပ်တွေ အများကြီးရှိတယ်။ Science, Humanity subjects and Business, Etc. … ကိုယ့်စိတ်ကြိုက် ဘာသာတွေကိုရွေးနိုင်တယ်။ (or) Academic Counselor  တွေနဲ့ညှိနှိုင်းပြီး  သင့်တော်မယ့်ဘာသာကိုလည်းရွေးလို့ရတယ်။ Top တက္ကသိုလ်တွေသွားဖို့ဆိုရင်တော့ GPA ကို ၈၅ ရာခိုင်နှုန်းလောက် ဖြစ်ရမယ်။ အဲ့ဒါကကိုယ်ရွေးတဲ့ Subject နဲ့ Career သက်ဆိုင်ပါတယ်။ CPU ဘာသာရပ်ကိုရွေးချယ်ပြီး ဆရာဝန်ဖြစ်ချင်ရင်တော့ ဘာသာရပ် အကုန်လုံး ၈၅ ရာခိုင်နှုန်း အထက်ရှိရမယ်။ University တွေက GPA တောင်းတာမတူကြဘူး။ ကိုယ့်ဘက်ကအမှတ်ကောင်းကောင်း ယူထားရင် ကြိုက်တာရွေးလို့ရတယ်။  ကြိုးစားနည်းကတော့  ရသလောက်အမှတ်ကို ယူပေါ့။ Assignments တွေကို အချိန်မီပြီးကောင်းကောင်းလုပ်ထားရင် ၈၀ ရာခိုင်နှုန်းကျော်ဖို့လွယ်ပါတယ်။

Canadian Pre-University ပြီးရင် ဘွဲ့ဒီဂရီတန်းဆက်တက်ဖို့အတွက် ဘယ်လို စဉ်းစားရွေးချယ်ထားသလဲ။

ကျွန်တော် CPU ပြီးရင် Medicine school တစ်ခုခုမှာ medicine ဆက်တက်ဖို့စိတ်ကူးရှိပါတယ်။ ကျွန်တော့်အမေလို ဆရာဝန်တစ်ယောက် ဖြစ်ချင်လို့ပါ။

IGCSE ပြီးတဲ့အခါ Pre-University တက်ဖို့အတွက် ဘာတွေပြင်ဆင်ခဲ့လဲ။

ဘာမှသိပ်ပြင်ဆင်စရာမရှိပါဘူး။ IELTS လေးပဲဖြေခဲ့တာပါ။ IELTS မဖြေချင်လည်း မဖြေဘဲတက်လို့ရပါတယ်။ ဒါပေမဲ့ အဲ့ဒီမှာ Grade 11 English, Eng 3U တော့ ယူကိုယူရမယ်။ IELTS ဖြေပြီးတဲ့လူကတော့ Eng3U ကိုယူစရာမလိုဘဲ Eng4U ကိုတန်းယူလို့ရပါတယ်။

Taylor’s College, Subang Campus ရဲ့ကျောင်းအနေအထားနဲ့ မလေးရှားနိုင်ငံမှာ လက်ရှိပညာသင်နေတဲ့ မလေးရှားပညာရေး၊ နိုင်ငံရေး အပေါ် ထင်မြင်ချက် ကိုပြောပြ ပေးပါ။

Taylor’s Subang Campus က Taylor’s Lakeside University လို အကြီးကြီး မဟုတ်ပေမယ့် နေရ၊ သွားရ အဆင်ပြေတယ်။ မလေးရှား ပညာရေးကတော့ ပေးလိုက် ရတဲ့ကျောင်း လခနဲ့ သင့်တင့်မျှတတယ်။ Subang area ကလူတွေကဖော်ရွေတယ်။ တချို့စားသောက်ဆိုင်တွေမှာ မြန်မာလူမျိုးတွေရှိတဲ့အတွက် အစားအသောက် အပိုင်းက ရွေးချယ်ရတာ အဆင်ပြေတယ်။ Subang area မှာကျောင်းသားတွေအများဆုံး နေထိုင်တဲ့နေရာဖြစ်တဲ့အတွက်လုံခြုံမှုရှိပါတယ်။ မရောက်ခင်က ထင်ထားသလို ကြီးမားတဲ့ သတင်းတွေလိုမျိုး၊ ပဋိပက္ခတွေမရှိဘူး။ အားလုံး အဆင်ပြေပါတယ်။ Peace ပါပဲ။

Further Study အတွက် ဘယ်လိုမေဂျာနဲ့ကျောင်းကို ရွေးဖို့စဉ်းစားထားလဲ။

Further Study က “Medicine” ကို IMU မှာတက်ဖို့ အစီအစဉ်တော့ ရှိတယ်။ မလေးရှားက ငွေကြေးပိုင်းသက်သာတာရယ်၊ Top university တွေကိုသွားဖို့ Transfer Program ရှိတယ်။ IMU မှာနှစ်နှစ် တက်ပြီး တခြားနိုင်ငံမှာလေးနှစ်ဆက်တက်ရင် Bachelor ရတယ်။ မလေးရှားမှာနှစ်နှစ်တက်ရင် ငွေကြေးပိုင်းသက်သာတယ်။

မလေးရှားနိုင်ငံမှာ ပညာသင်စေလွှတ်ဖို့စဉ်းစားနေတဲ့မိဘတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဘယ်လိုအကြံပေးချင်လဲ။

မလေးရှားနိုင်ငံက စိုးရိမ်စရာမရှိဘူး။ ကျောင်းတက်ဖို့ကောင်းတဲ့နေရာပါ။ University တွေက မြို့ပြင်လိုအပြင်ဘက်မှာရှိတဲ့အတွက် နိုင်ငံရေး အကျိုးသက်ရောက်မှုတွေ မရှိဘူး။ ပြီးရင် ကျောင်းသားတွေပဲရှိတဲ့နေရာဖြစ်တဲ့အတွက်  Security  ပိုင်းက  Safe  ဖြစ်တယ်။  Myanmar  Search International  (MSI) ကအစ်မတွေ မလေးရှားအကြောင်း အသေးစိတ် ရှင်းပြတော့ ကျွန်တော်ပိုယုံကြည်လာတယ်။

ပြည်ပမှာကျောင်းသွားတက်မယ့်ကျောင်းသားတွေအတွက် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ။

ကိုယ့်ကိုယ်ကိုအားကိုးဖို့လိုအပ်တာပါ။ တစ်ယောက်ထဲနေရတယ် ဆိုတော့ စည်းကမ်းရှိရှိနေရင် ပြင်ဆင်စရာအဲ့ဒီလောက်မရှိဘူး။ CPU တက်တဲ့လူဆိုရင်တော့ စာများများဖတ်တတ်တဲ့ အကျင့်ရှိရင် ပိုအဆင်ပြေပါတယ်။