Bluetooth headphone

Bluetooth-Headset-WW-Online-product-2015Aust6.jpg

ဂျပန်နိုင်ငံထုတ် ELECOM အမှတ်တံဆိပ် lbt-oh04 မော်ဒယ် Bluetooth Headphone ဖြစ်သည်။ စတိုင်ကျ သေသပ်လှပသော headphone အမျိုးအစားဖြစ်သည်။ အသံကြည်လင်ပြတ်သားပြီး ဘေးပတ်ဝန်းကျင်မှ ဆူညံသံများကို ဖယ်ရှားပေးနိုင်သော စနစ်ပါဝင်သည်။ Bluetooth version 4.0 ဖြစ်သည်။ နောက်ဆုံးထွက် ဗားရှင်းဖြစ်သောကြောင့် power စားသက်သာစေမှာဖြစ်သလို ဘက်ထရီကိုလည်း ကြာရှည်ခံစေသည်ဟု သိရသည်။ NFC Function  ပါဝင်သောကြောင့် NFC ပါဝင်သော မည်သည့်ဖုန်းဖြင့်မဆို အလွယ်တကူ ချိတ်ဆက်နိုင်မည်ဖြစ်သည်။ အကွာအဝေးအနေဖြင့်  ၃၀ မီတာအထိ ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ သီချင်းအပုဒ်ရေကျော်ခြင်းအပြင် အသံအတိုးအကျယ်ကိုလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ဖုန်းဝင်ရောက် လာပါက pattern နှိပ်ကာ လက်ခံစကားပြောနိုင်ပြီး နောက်ဆုံး call ကိုလည်း pattern နှစ်ချက်နှိပ်ရုံဖြင့် ပြန်လည်ခေါ်ဆို နိုင်မည်ဖြစ်သည်။ ဖုန်းနှစ်လုံး ချိတ်ဆက်၍လည်း အသုံးပြုနိုင်သည်။  အရောင်အနေဖြင့် အနီနှင့် အမည်းဟူ၍ အရောင်နှစ်မျိုးရှိမည် ဖြစ်သည်။ တန်ဖိုးမှာ ကျပ် ၆၀,၀၀၀ ကျော်ဝန်းကျင်ဖြစ်သည်။ CYBER PLUS ဖုန်း ၀၁-၂၂၁၇၉၂ နှင့် ၀၉- ၇၃၀၅၆၄၈၃ ၌ ဆက်သွယ်
ဝယ်ယူနိုင်မည် ဖြစ်သည်။