Facebook သည် group သုံးစွဲသူများ စီစဉ်ပူးပေါင်း ဆောင်ရွက်မှုများကို အကူအညီ ပေးသွားရန်
သီးသန့် မိုဘိုင်း Groups app ကို ဖြန့်ချိခဲ့ကြောင်း သိရသည်။
Facebook သည် ၎င်း၏ ဝက်ဘ်ဆိုက် အတွင်းရှိ feature များကို ခြားနားမှုရှိသော app များအဖြစ် အသွင်ပြောင်းလဲ နေလျက်ရှိသည်။ အဆိုပါ သီးသန့် app ကိုလစဉ် ဝက်ဘ်ဆိုက်အတွင်း အခြားသူများ ဆက်သွယ်ခြင်းနှင့် ဓာတ်ပုံများကဲ့သို့ အရာများကို ဝေမျှနိုင်ရန် groups feature ကို သုံးစွဲနေသူ သန်း ၇၀၀ အတွက် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ၎င်း app ကို Apple ၏ iOS နှင့် Google ၏ Android အသုံးပြု ထားသော ထုတ်ကုန်များအတွက် အခမဲ့ရယူနိုင်ပြီး group တစ်ခုစီမှ သတိပေးချက်များ ရရှိကာ လုပ်ဆောင်ချက် အမျိုးမျိုးကို လွယ်ကူစွာ ခြေရာခံပေးမည် ဖြစ်သည်။ Facebook သည် ဇန်နဝါရီ
လမှစတင်၍ ရည်မှန်းချက် အမျိုးမျိုးဖြင့် app အသစ်ငါးခုကို ဖြန့်ချိခဲ့ပြီး ၎င်း app များသည် ကုမ္ပဏီ အဓိက ဝန်ဆောင်မှုကို နည်းလမ်းအချို့ဖြင့် ပြောင်းလဲပေးနိုင်မည် ဖြစ်သည်။
ထိုသို့ Facebook မှသီးသန့် app များဖြန့်ချိခြင်းသည် ယမန်နှစ်ကဲ့သို့ အခြား app များနေရာတွင် Facebook Home app ကဲ့သို့ ဖုန်းများစွာတွင် လွှမ်းမိုးနိုင်ရန် ကြိုးစားမှုတစ်ခု ဖြစ်လာသည်။
-စိုးထက် (Ref : CNET)