Jumping Max

Jumping.jpg

Jumping Max ဂိမ်း app သည် Coin များကို ခုန်၍ အရယူကာ ကစားရမည့် ဂိမ်းဖြစ်သည်။ အဆိုပါ ဂိမ်းတွင် ကစားသူသည် အမှတ်များကို အများဆုံးရရှိစေရန်အတွက် ကစားရမည် ဖြစ်သည်။ Coin များကို ရယူရာတွင် လွဲချော်မှုမရှိစေဘဲ မြန်မြန်ဆန်ဆန်ဖြင့် အမှတ်ရယူနိုင်အောင် ကြိုးစားပေးရမည် ဖြစ်သည်။

အဆိုပါဂိမ်းကို ယခင်က Play Store တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အခမဲ့ download ပြုလုပ်ခွင့် ပေးထားသည်။ Android version 2.3 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် app တစ်ခုဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။