Auslogics Disk Defrag

auslogics-disk-defrag-portable-4.jpg

Windows Operating System အသုံးပြုထားတဲ့ ကွန်ပျူ တာတွေရဲ့ Hard Disk ထဲမှာ ဖိုင်သိမ်းဆည်းမှုတွေ နေရာတကျ မရှိဘူးဆိုရင် ကွန်ပျူ တာစနစ်အတွင်းမှာ လုပ်ငန်း လုပ်ဆောင်မှုတွေ နှေးကွေးစေနိုင်ပါတယ်။ Auslogic Disk Defrag ဟာ Hard Disk အတွင်းက ဖိုင်တွေကို စနစ်တကျ နဲ့ သိမ်းဆည်းဖို့အတွက် ဖိုင်များကို စုစည်းပေးမယ့် ဆောဖ့်ဝဲ တစ်ခုလည်း ဖြစ်ပါတယ်။

Download ပြုလုပ်လိုသူများအနေနဲ့ အခမဲ့ download ပြုလုပ်နိုင်မှာဖြစ်ပြီး download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားကတော့ 7.09MB ခန့်ရှိမှာဖြစ်ပါတယ်။ Windows XP ကနေ Windows 8 အထိ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Pro version ကို အသုံးပြုလိုသူများအတွက်ကတော့ အခကြေးငွေ ထပ်မံ ထည့်သွင်းပေးရပါလိမ့်မယ်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။