runlevel

Runlevel ဆိုသည်မှာ Unix နှင့် Unix အခြေခံ operating system တစ်ခုတွင် လည်ပတ်လုပ်ဆောင်သည့် အခြေအနေတစ်ခုကို ခေါ်ဆိုသည်။ Runlevel များကို 0 မှ 6 အထိ ခွဲဝေသတ်မှတ်နိုင်သည်။

Runlevel များသည် OS boot တက်ပြီးနောက် လည်ပတ်လုပ်ဆောင်မည့် program များကို ဆုံးဖြတ်ပေးသည်။ Runlevel ကို boot တက်ပြီးသည်နောက် စက်၏ အခြေအနေဟု ခေါ်ဆိုနိုင်သည်။

Systems administrator များသည် ၎င်းတို့၏ လိုအပ်ချက်များအလိုက် စနစ်တစ်ခု၏ runlevel ကို default သတ်မှတ်ထားနိုင်သည်။ သို့မဟုတ် runlevel command ကို အသုံးပြုကာ စက်၏ လက်ရှိ runlevel ကို ရှာဖွေပြီး စနစ်တစ်ခုကို သတ်မှတ်နိုင်သည်။ Runlevel command /sbin/runlevel ကို သုံးပြီး operating system တစ်ခု၏ လက်ရှိနှင့် ယခင် runlevel ကို ရှာဖွေနိုင်သည်။

Runlevel များကို single-user mode, multi-user mode, system shutdown နှင့် system reboot စသည်ဖြင့် 0 မှ 6 အထိ ခွဲဝေသတ်မှတ်နိုင်သည်။ Configuration များသည် Linux distro များနှင့် Unix ဗားရှင်းများအကြား ကွဲပြားနိုင်သည်။