God of War 3 Remastered

God-of-War-3-7--Remastered--NAL-Online-gamereview-2015july29.jpg

Sony ၏ PlayStation exclusive ဂိမ်းစီးရီး God of War ဟာ တစ်ဂိမ်းနှင့် တစ်ဂိမ်းကြားထဲမှာ အချိန်အများကြီး မခြားပေမယ့် God of War 3 နောက်ပိုင်းဇာတ်လမ်းအသစ်မထွက်တာတော့ အတော်ကြာပြီ ဖြစ်ပါတယ်။ ၂၀၁ဝ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ God of War 3 အပြီးမှာ God of War: Ghost of Sparta နှင့် God of War:Ascension လို ဂိမ်းသစ်တွေ ဆက်ထွက်ခဲ့ပေမယ့် နှစ်ဂိမ်းစလုံးက နောက်ကြောင်းပြန် prequel ဇာတ်လမ်းတွေ ဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ်အတွင်း PS3 အတွက် God of War: Ascension ထွက်အပြီး PS4 အတွက် နောက်ထပ် အသစ်ထပ် ထွက်လာတဲ့ ဂိမ်းကလည်း God of War 3 ရဲ့ Remastered version ပဲဖြစ်နေသေးတာ တွေ့ရပါတယ်။ အခြား developers အများစုကတော့ အရင် 7th generation က ဂိမ်းပေါင်းများစွာကို graphics ပိုင်းနှင့် gameplay framerate ပိုင်းမြှင့်တင်ပြီး Remastered/Definitive Edition အဖြစ် PS4 နှင့် Xbox One တို့မှာ အများအပြားထုတ်ခဲ့ပြီး ဖြစ်ပေမယ့် Sony အတွက်ကတော့ The Last of Us Remastered အပြီးမှာ God of War 3 Remastered ကတော့ အရေးပါတဲ့ ဒုတိယမြောက် PlayStation exclusive Remastered ဂိမ်းသစ်ဖြစ်တာ တွေ့ရပါတယ်။

PlayStation 3 စက်ပိုင်ရှင် Action ပရိသတ်အားလုံးနီးပါးကတော့ God of War 3 (PS3 Version) ကို ကစားပြီးလောက်ပြီဆိုပေမယ့် 7th generation တုန်းက Xbox360 ဂိမ်းစက် ကစားရကနေ 8th Generation မှာ PlayStation 4 ဘက်ကို ကူးပြောင်းလာသူတွေအတွက် မဆော့ရသေးတဲ့ ဂိမ်းတစ်ခုဖြစ်နိုင်သလို မူလ ပရိသတ်တွေ အတွက်လည်း graphics ပိုင်းနှင့် gameplay ပိုင်းကို ပိုအဆင်ပြေချောမွေ့အောင် လုပ်ပေးထားလို့ အဆင်ပြေမယ့် ဂိမ်းတစ်ခုဖြစ်တာ တွေ့ရမှာပါ။ PlayStation 3 မှာ ထွက်ထားတဲ့ God of War ဂိမ်းနှစ်ခုစလုံးဟာ သာမန် graphics အဆင့်ရှိတဲ့ PlayStation 4 ဂိမ်းတွေနီးပါးကို ကြည့်ကောင်းခဲ့ပြီးဖြစ်သလို graphics ပိုင်းပိုကောင်းတဲ့ prerendered background တွေနဲ့ fixed camera angle ပိုင်းနှင့် ကစားရတဲ့ဂိမ်းဖြစ်လို့လည်း Remastered Edition မှာ lighting ပိုင်းတွေနဲ့ texture ပိုင်းတွေကို ပိုကောင်းအောင် ပြင်ဆင်ထားနိုင်တာ တွေ့ရပါတယ်။ နောက်ပိုင်းမှာ publisher တွေ developer တွေကလည်း ဖိပြီးကြော်ငြာလာသလို ကစားသူတွေကလည်း ပိုအလေးထားလာတဲ့ FPS (Frame Per Second) ပိုင်းဆိုရင်လည်း 60 Frames Per Second ဖြစ်တဲ့အတွက် ကစားရတာ ပိုသွက်လာပါတယ်။ Batman Arkham Series တွေ The Order 1886 တို့လို ဂိမ်းတွေမှာ framerate အရမ်းကြီး မြင့်စရာ သိပ်မလိုပေမယ့် God of War တို့ Devil May Cry တို့လည်း Action gameplay အသားပေးဂိမ်းတွေအတွက်ကတော့ framerate က အရေးပါတာ တွေ့ရသလို framerate ကောင်းလေ ကစားရတဲ့အရသာ ပိုရှိလေဖြစ်တာ ငြင်းလို့ မရပါဘူး။

God of War 3 ရဲ့ ဇာတ်လမ်းကတော့ God of War 2 ရဲ့ တိုက်ရိုက်အဆက်ဖြစ်ပေမယ့် အဓိက storyline ပိုင်းအများကြီးတော့ သိပ်သိထားစရာ မလိုပါဘူး။ Kratos အနေနဲ့ Zeus အပါအဝင် Olympus mountain က Greek နတ်ဘုရားတွေကို လက်စားချေတိုက်ခိုက်ဖို့အတွက် Titan တွေနဲ့ ပေါင်းပြီး Olympus တောင်ပေါ်စတက်တဲ့အချိန်မှာ ဇာတ်လမ်းစထားလို့ အဖွင့်ကတည်းက ပွဲကြမ်းတဲ့ ဂိမ်းဖြစ်ပါတယ်။ Remastered ပိုင်းရဲ့ graphics ကွာခြားပုံနှင့် ကောင်းမွန်မှုကိုတော့ ရေနတ်ဘုရား Poseidon နဲ့ တိုက်ပွဲမှာတင် စတင် မြင်တွေ့နိုင်မှာဖြစ်သလို Hades ရဲ့ မြေအောက် Underworld ကမ္ဘာနှင့် Tartarus လိုမျိုးနေရာတွေ၊ Kronos နှင့်တိုက်ပွဲတွေမှာတော့ Remastered Edition ပြန်ကစားရတာ တန်တဲ့နေရာတွေ ဖြစ်ပါတယ်။  ဇာတ်လမ်းပြတဲ့ cinematic အခန်းတွေကိုတော့ remastered ပြန်မလုပ်ပေးထားပေမယ့် game mode အသစ်ဖြစ်တဲ့ Challenge Mode နှင့်အတူ ဂိမ်းဖန်တီးပုံတွေ မှတ်တမ်းတင် ရိုက်ကူးထားတဲ့ making of-features တွေလည်း ထည့်သွင်းပေးထားတာ တွေ့ရ ပါတယ်။

Publisher Sony အနေနဲ့ကလည်း အချို့ HD version တွေလိုမျိုး အခြား developer တွေကို ပြန်ပြီး Remastered version လုပ်ခိုင်းတာ မဟုတ်ဘဲနဲ့ မူလ developers တွေဖြစ်တဲ့ Stig Asmussen နှင့် Sony Santa Monica Studios က developers တွေကိုပဲ graphics ပိုင်း အဆင့်မြင့်တင်ဖို့ တာဝန်ပေးထားလို့ အရည်အသွေးပိုင်း ပိုမိုကောင်းမွန်သွားတာ တွေ့ရပါတယ်။ Konami ရဲ့ Silent Hill HD Collections တုန်းကဆိုရင် resolution upscale အဆင့်လောက်လုပ်ထားပြီး မသပ်ရပ်တာတွေလည်း အများကြီးရှိလို့  မူလဂိမ်းလောက်တောင် မကောင်းဘူးဆိုပြီး အပြောခံခဲ့ရပေမယ့် God of War 3 Remastered ကိုတော့ အရင် graphics quality – Great အဆင့်ရှိတဲ့ God of War 3 PS3 Version ကို Perfect အဆင့်နီးပါးဖြစ်အောင် ပြောင်းလဲပေးထားနိုင်တာ တွေ့ရပါတယ်။