SMS ပို့၍ ရေဘေးလှူနိုင်ရန် MPT မှလည်းပြုလုပ်

11224769_701579716609444_2645354962829121967_n.jpg

SMS ပို့၍ ရေဘေးလှူနိုင်ရန် MPT မှလည်း ပြုလုပ်လိုက်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို သြဂုတ်လ ၆ ရက်မှစတင်ကာ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ GSM, WCDMA ဖုန်းများမှ စာတိုပေးပို့၍ လှူဒါန်းနိုင် မည်ဖြစ်ကြောင်း၊ ရေဘေးသင့် နေရာများသို့ ငွေလှူဒါန်းလိုသူများ အနေဖြင့် ၂၀၀၁ သို့ စာတိုပေးပို့နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ပေးပို့ခြင်းအားဖြင့် မိမိဖုန်းအတွင်းရှိ လက်ကျန်ငွေများမှ ငါးရာကျပ်ကို ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

ငါးရာကျပ်ထက်ပို၍ လှူဒါန်းလိုပါကလည်း အကြိမ်ရေကန့်သတ်ချက်မရှိ ပေးပို့နိုင်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားထားသည်။ တစ်ကြိမ်ပို့ပါက ငါးရာ ကျပ် ဖြတ်တောက်သွားမည်ဖြစ်ပြီး ကောက်ခံရရှိသော အလှူငွေများကို MPT ၏ ဖေ့စ်ဘုတ်စာမျက်နှာမှတစ်ဆင့် အသေးစိတ် ဖော်ပြပေးမည်ဖြစ်ကြောင်း ဆိုသည်။

၂၀၀၁ သို့ SMS ပို့ပြီးပါက Thanks for your donation of 500 ks ဟု လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။ MPT နှင့် KSGM တို့မှ ရေဘေးသင့်နေရာများအတွက် အလှူငွေများ လှူဒါန်းလျက်ရှိသည်ဟု ဆိုသည်။