Ooredoo Myanmar ထံ စာတိုပေးပို့ခြင်းမှ တစ်ဆင့် ရေဘေးသင့်ပြည်သူများအတွက် ငွေသားလှူဒါန်းနိုင်မည်

11796368_10203494316117538_402703518804001886_n.jpg

ကာတာဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့် Ooredoo Myanmar သည် မြန်မာနိုင်ငံ၏ ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေလှူဒါန်းနိုင်မည့် အစီအစဉ်တစ်ခုကို စတင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ရေဘေးသင့်ပြည်သူများအတွက် ငွေလှူဒါန်းလိုသူများသည် HELPMM ဟု ဦးစွာ ရိုက်ထည့်ရမည်ဖြစ်ပြီး ယင်းစာလုံး၏ နောက်တွင် Space ခြားကာ မိမိလှူဒါန်းမည့် ငွေပမာဏအား ရိုက်၍ Ooredoo Myanmar ၏ SMS နံပါတ် ၄၅၄၈ သို့ စာတိုပေးပို့ရမည် ဖြစ်သည်။ စာတိုပေးပို့ရမည့်ပုံစံမှာ ဥပမာ ငွေကျပ် ၁၀၀ လှူဒါန်းမည်ဆိုပါက HELPMM 100 ဟု ရိုက်ထည့်ရမည် ဖြစ်သည်။

Ooredoo Myanmar ၏ စာတိုပေးပို့မှုမှတစ်ဆင့် ရေဘေးသင့်ပြည်သူများအတွက် အနည်းဆုံး ကျပ်ငွေ ၁၀ မှ အများဆုံး တစ်သိန်းကျပ်အထိ လှူဒါန်းနိုင်မည်ဖြစ်သည်။