Google Calendar ကို Windows 10 Calendar app တွင် ထည့်သွင်းခြင်း

how-to-cover.jpg

Google calendar မှာ ထည့်သွင်းထားတဲ့ နေ့စွဲတွေနဲ့ Event တွေကို သုံးစွဲနေသူများအတွက် Windows 10 Calendar app မှာ ထည့်သွင်းပြီး အသုံးပြုနိုင်ပါတယ်။ Windows 10 Calendar app ပေါ်မှာ Google Calendar ထည့်သွင်း အသုံးပြုလိုတယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်ပါတယ်။

ပထမဦးဆုံး Start Menu button ကို နှိပ်လိုက်ပါ။

ပြီးသွားရင် Calendar app ကို ရွေးချယ်ပြီး ဖွင့်ရပါမယ်။ Calendar app ကို ဖွင့်ပြီးသွားရင် စက်သွားပုံလေးနဲ့ Settings icon ကို နှိပ်ရပါမယ်။

နောက်တစ်ဆင့်ကတော့ Settings ထဲက Accounts ဆိုတာကို ထပ်မံရွေးချယ်ပေးရပါမယ်။ Account အောက်ကို ရောက်သွားရင် Add account ဆိုတာကို နှိပ်လိုက်ပါ။

Add account ကို နှိပ်ပြီးရင် Google ဆိုတာကို ထပ်မံရွေးချယ်ပေးရပါမယ်။ Google ဆိုတဲ့ Button ကို နှိပ်လိုက်ပါ။

ဒီအဆင့်ကတော့ Google account ကို Login ပြုလုပ်ပေးရမယ့် နေရာဖြစ်ပါတယ်။ ကိုယ့်ရဲ့ User Name နဲ့ Password ကို အဆိုပါနေရာမှာ ထည့်သွင်းလိုက်ပါ။

User Name နဲ့ Password ထည့်သွင်းပြီးသွားပြီဆိုရင်တော့ Google permission ကို လက်ခံဖို့နေရာဖြစ်တဲ့ အတွက် Accept ဆိုတဲ့ button ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။

Accept ကို နှိပ်ပြီးသွားပြီဆိုရင် Server နဲ့ connect ပြုလုပ်တာကို ခဏစောင့်ပြီး လုပ်ငန်းအောင်မြင်ပြီးဆုံးပါက Done ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး ထွက်လိုက်ရင် Windows 10 calendar app မှာ Google calendar ကို ထည့်သွင်းတဲ့ လုပ်ငန်းပြီးဆုံးပြီ ဖြစ်ပါတယ်။

Ref: howtogeek