Toshiba Encore Mini Tablet

Cover.jpg

တန်ဖိုး – ကန်ဒေါ်လာ ၉၃.၄၆

အားသာချက် – Windows Opearting System ကို အသုံးပြုထားပြီး MicroSD Card ကို ထပ်မံထည့်သွင်းမယ် ဆိုပါက 120GB အထိ အထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။

အားနည်းချက် – ဈေးနှုန်းမျှတတဲ့ Tablet အမျိုးအစားတစ်ခု ဖြစ်တဲ့အတွက် Camera ပိုင်းမှာ Megapixels နည်းပါးတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Screen အရွယ်အစား ၇ လက်မသာ ရှိတဲ့အတွက် Screen ကြီးမားတာကို ကြိုက်နှစ်သက်တဲ့ သူတွေအတွက်တော့ အဆင်ပြေစေနိုင်မှာ မဟုတ်ပါဘူး။

သုံးသပ်ချက် – Microsoft Windows 8.1 ကို အသုံးပြုထားပြီး CPU ပိုင်းမှာလည်း ကောင်းမွန်တဲ့အတွက် ဈေးနှုန်းမျှတသလို လုပ်ငန်းပိုင်း အသုံးပြုလိုသူများအတွက် အသုံးဝင်နိုင်မယ့် Tablet အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက် – Quad Core Processor ကို အသုံးပြုထားပြီး Processor ရဲ့ အမြန်နှုန်းကတော့ 1.83 GHz ရှိမှာ ဖြစ်ပါတယ်။ RAM ကို 1GB ထည့်သွင်း ပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 16GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ MicroSD Card ကို 128GB အထိ အထောက်အပံ့ ပေးထားပြီး System ကတော့ Windows 8.1 ကို အသုံးပြုထားပါတယ်။ Display Screen မှာ IPS capacitive Touchscreen ကို အသုံးပြုထားပြီး Resolution ကတော့ 1024 x 600 resolution ရှိမှာ ဖြစ်ပါတယ်။ Screen အရွယ်အစားမှာ ၇ လက်မ ခန့်ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာလည်း rear camera မှာ 2 Megapixels ရှိမှာဖြစ်ပြီး Front Camera ကတော့ 0.3 Megapixels ရှိမှာ ဖြစ်ပါတယ်။ အဆိုပါ Tablet နဲ့ တောက်လျှောက် အလုပ်လုပ်မယ်ဆိုရင် ၇.၃ နာရီခန့် အသုံးပြုနိုင်မှာဖြစ်ပြီး Wireless Keyboard နဲ့လည်း ထည့်သွင်း ချိတ်ဆက် အသုံးပြုနိုင်ပါလိမ့်မယ်။ အဆိုပါ Tablet ကို နိုင်ငံကူးပြောင်း သယ်ဆောင် ဝယ်ယူမယ့်သူများ အတွက် ကန်ဒေါ်လာ ၁၂၀ ခန့်နဲ့ ရောင်းချမှာဖြစ်ပြီး၊ Office 365, Microsoft One Drive 1TB အစရှိတာတွေကို သုံးစွဲခွင့်ရရှိမှာ ဖြစ်ပါတယ်။ အဆိုပါ Tablet အမျိုးအစားကို ၈ လက်မ၊ ၁၀ လက်မ စတဲ့ အရွယ်အစားတွေနဲ့လည်း ထုတ်လုပ်ပေးထားပါတယ်။

ဒီဇိုင်း – Toshiba Encore Mini Tablet မှာ USB port, MicroSD Card slot တို့ကို Tablet ရဲ့ အပေါ်ဘက်မှာ ထည့်သွင်းထားပြီး Volume Button များကိုတော့ ညာဘက်အခြမ်းမှာ ထည့်သွင်းပေးထားပါတယ်။ စပီကာကို Tablet ရဲ့အောက်ခြေမှာ တပ်ဆင်ပေးထားပြီး သပ်ရပ်တဲ့ ဒီဇိုင်းပုံစံနဲ့ ဖွဲ့စည်းပေးထားပါတယ်။

Ref: cnet