Apple AirPlay

Apple AirPlay ဆိုသည်မှာ Mac OS, iOS နှင့် Apple TV အပြင် အခြား Apple ထုတ်ကုန်များတွင် ပါဝင်သော content streaming နှင့် interactive display control feature တစ်ခု ဖြစ်သည်။

AirPlay သည် သုံးစွဲသူများက အသံနှင့် ဗီဒီယို content ကို Apple TV ထံ stream ပြုလုပ်နိုင်သလို ကြိုးမဲ့စနစ် ချိတ်ဆက်မှုမှတစ်ဆင့် ဖျော်ဖြေရေးစနစ်များဖြင့် ချိတ်ဆက်နိုင်သည်။

AirPlay သည် mirroring mode မှတစ်ဆင့် iOS အခြေခံ ထုတ်ကုန်များကို presentation tool များအဖြစ် အသုံးပြုနိုင်သည်။

AirPlay အထောက်အပံ့ကို ဒုတိယမျိုးဆက် Apple TV နှင့်အထက်၊ iOS 4.3 နှင့်အထက် အသုံးပြုထားသော iOS ထုတ်ကုန်များနှင့် iTunes 10.2 နှင့်အထက် အသုံးပြုထားသော Mac များတွင် တွေ့မြင်နိုင်သည်။