ADATA PV120 Power Bank

ADATA-PV120-Power-Bank-AT-online-product-2015july29.jpg

သားရေအဖုံးဖြင့် ပြုလုပ်ထားသည့် စမတ်ကျလှပသော ဒီဇိုင်းဖြင့် ADATA အမှတ်တံဆိပ် PV120  မော်ဒယ် Power Bank (5100mAh) ဖြစ်သည်။ သယ်ဆောင်ရ လွယ်ကူပြီး သေးငယ်ပေါ့ပါးသည်။ ADATA PV120 Power Bank ကို အားသွင်းထားရင်း ဖုန်းအားတစ်ပြိုင်နက် အားသွင်းနိုင်မည်ဖြစ်သည်။ Power Bank အတွင်း အားမည်မျှရှိသည်ကိုပြသော LED Indicator ပါဝင်သည်။ အားသွင်းရာတွင် ဖြစ်ပေါ်လာနိုင်သည့် Charging Fault များ မဖြစ်အောင် ကာကွယ်ထားသည့် နည်းစနစ်များဖြစ်သော OTP, SCP, OVP, OCP နှင့် Device များသို့ အားသွင်းရာ တွင် ဖြစ်ပေါ် လာနိုင်သည့် Charging Fault များ မဖြစ်အောင် ကာကွယ်ထားသည့် နည်းစနစ်များဖြစ်သော ODP နှင့် OCP တို့ ပါဝင်ပါသည်။ အရောင်အနေဖြင့် အဖြူ ၊ အမည်း နှင့် စိမ်းပြာဟူ၍ သုံးမျိုးရှိ မည်ဖြစ်သည်။ တန်ဖိုးမှာ ကန်ဒေါ်လာ ၂၂.၅  ဖြစ်ပြီး တစ်နှစ်အာမခံ ပေးထားသည်။ Micro Computer Co., Ltd. ဖုန်း ၀၁-၂၉၄၅၀၃၊ ၂၀၂၄၅၃၊ ၇၂၁၆၆၈၊ ၃၉၈၈၆၆ နှင့် ၃၉၈၈၆၇ ၌ ဆက်သွယ် စုံစမ်းဝယ်ယူနိုင်သလို ရန်ကုန်မြို့ရှိ ကွန်ပျူ တာဆိုင်ကြီးများတွင်လည်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။