Car hacking

Car hacking ဆိုသည်မှာ အားနည်းချက်တစ်ခုကို အသုံးချခြင်းနှင့် ပစ်မှတ်ထားသော စက်ကိရိယာတစ်ခုကို ထိန်းချုပ်ခြင်းအတွက် ကားတစ်စီး၏ အီလက်ထရွန်နစ်ထိန်းချုပ်မှုစနစ် (ECU) ရှိ code ကို ကိုင်တွယ်ခြယ်လှယ်ခြင်း ဖြစ်သည်။ ၎င်းသည် ကားကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်စေနိုင်သည်။

ကားတစ်စီးတွင် ECU ငါးဆယ်ခန့် ပါဝင်ပြီး ၎င်း ECU တစ်ခုချင်းစီက သက်ဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုကို ထိန်းချုပ်လုပ်ဆောင်သည်။ ခေတ်မီကားများတွင် ပါဝင်သော စနစ်အားလုံးနီးပါးသည် ECU များနှင့် ချိတ်ဆက်ထားသည်။ ထိုသို့ချိတ်ဆက်ရာတွင် ကြိုးနှင့်ရော ကြိုးမဲ့စနစ်ဖြင့်ပါ ချိတ်ဆက်သည်။ ECU အားလုံးနီးပါးသည် ဟက်ကာများက တစ်နည်းမဟုတ် တစ်နည်းဖြင့် ချိုးဖောက် ဝင်ရောက်နိုင်သော အားနည်းချက်ရှိသည်။ ရေဒီယိုသည် ဟက်ကာများ၏ ချိုးဖောက်ဝင်ရောက်မှုခံရချိန်တွင် ပြဿနာ မရှိနိုင်ဟု ထင်မြင်ကြသော်လည်း ၎င်းသည် အခြား ချိတ်ဆက်ထားသော စနစ်များနှင့် ဆက်သွယ်သောကြောင့် တိုက်ခိုက်သူတစ်ဦးအား အခြား အစိတ်အပိုင်းများကိုပါ တိုက်ခိုက်စေနိုင်သည်။

ကား hacking သရုပ်ပြသမှုသည် ဖျော်ဖြေရေးစင်တာ၊ ကားပြေးနှုန်းတိုင်း ကိရိယာ၊ ဘရိတ်များ၊ စတီယာရင်၊ လေအိတ်များ စသည်တို့အပါအဝင် ကွဲပြားခြားနားသော စနစ်များ ပါဝင်သည့် ကားအမျိုးအစားများ အတွက် ပစ်မှတ်ထား ပြသခြင်း ဖြစ်သည်။

သရုပ်ပြသမှု တစ်ခုတွင် လုံခြုံရေးသုတေသီများ ဖြစ်သော ချာလီမေလာနှင့် ခရစ္စ ဗယ်လာဆက်တို့က အမြန်လမ်းတွင် မောင်းနှင်နေသော ဂျစ်ကားတစ်စီးကို ကြိုးမဲ့စနစ်ဖြင့် ထိန်းချုပ်ပြသခဲ့သည်။ အဆိုပါကားတွင် လိုက်ပါခဲ့သော ဂျာနယ်လစ်ဖြစ်သူ အန်ဒီဂရင်းဘတ်၏ အဆိုအရ မေလာနှင့် ဗယ်လာဆက်တို့သည် ကား၏ လေဝင်လေထွက်ပေါက်၊ လေကာမှန် ရေသုတ်ကိရိယာ၊ ဒက်ရှ်ဘုတ်လုပ်ဆောင်ချက်များ၊ ဂီယာနှင့် ဘရိတ်တို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ထို့အပြင် ဘရိတ်ကို disable ပြုလုပ်ကာ ဂျစ်ကားကို မြောင်းတစ်ခုထဲသို့ ကျအောင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သုတေသီများသည် Fiat Chrysler ကားများတွင် အသုံးပြုသော Uconnect software ရှိ အားနည်းချက်များကို အသုံးချကာ ဖျော်ဖြေရေးစနစ်များကို ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် Chrysler က ကား ၁.၄ သန်းကျော်အတွက် USB software update တစ်ခုကို ဖြန့်ချိပေးခဲ့သည်။